ဆုမြတ်နိုးဦးကတော့ လတ်တလောအနုပညာလောကမှာ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်အားပေးမှုများစွာရရှိလာသူတစ်ယောက်ပါ။ သူမရဲ့ချစ်စရာဟန်ပန်လေးတွေကလည်း ပရိသတ်တွေကို ဖမ်းစားစေခဲ့ပါတယ်။

ယခုအခါမှာတော့ သူမရဲ့ချောင်းသာကမ်းခြေမှာ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုကြည်နူးစရာကောင်းပြီး သူမအတွက်အမှတ်တရပါပဲလို့လည်းသိရပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေပြီး ချောင်းသာကနေမေမြို့ကိုလည်းပြန်ပြီလို့လည်းရေးသားထားတာတွေ့ရပါတယ်။ သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့ "ချောင်းသာအမှတ်တရပုံလေးတွေလာတင်တာပါလို့စ်ခုတော့မေမြို့ပြန်ရောက်နေပါပီကွယ်" ဆိုတဲ့စာသားလေးနဲ့အမှတ်တရဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း ဓာတ်ပုံလေးတွေကိုကြည့်ပြီး ကြည်နူးမိမယ်လို့ထင်ပါတယ်...

သတင်းအရင်းအမြစ်-ဆုမြတ်နိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။