ပရိသတ်အချစ်တော်မင်းသမီးချော်လေး ခင်လေးနွယ်ကတော့ တစ်ရက်တစ်ခြားလှပလို့နေပါတယ်။ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေးဖြစ်တဲ့သူမကတော့ အမြဲလိုလို စမက်ကျကျရှိနေပြီးစွဲဆောင်မှုအပြည့်ရှိနေတာကတော့ အမှန်ပါပဲ။ချစ်စရာကောင်းတဲ့ သူမရဲ့ဓာတ်ပုံလေးတွေကိုတော့ချစ်ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

ဒီတစ်ခါမှာတော့ ခင်လေးနွယ်အပါအဝင် အခြားအနုပညာရှင်များဖြစ်တဲ့ ဖူးစုံရယ် မိုးပြည့်ပြည့်မောင်တို့နဲ့အခြားသောအနုပညာရှင်တွေလည်း သက်မွန်တို့အိမ်ကိုသွားရောက်လည်ပက်ခဲ့တယ်လို့လည်းသိရပါတယ်။အနုပညာမောင်နှမတွေဖြစ်တဲ့ သူမတို့ကတော့ တကယ့်ကို တက်ညီလက်ညီပါပဲ။

ခင်လေးကတော့ သက်မွန်တို့အိမ်မှာ ဓာတ်ဖမ်းခဲ့တဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"မွန်မွန့် အိမ်သစ်မှာ သွားရောက်စားသောက်ဓါတ်ဖမ်းခဲ့ပါကြောင်း"ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့အနုပညာရှင်တွေဖြစ်တဲ့ သူမတို့အားလုံးအတွက် အားပေးစကားလေးတွေ ပြောခဲ့ကြဖို့ မမေ့နဲ့အုံးနော်...

သတင်းအရင်းအမြစ်-ခင်လေးနွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။