စည်းပျက်ကမ်းပျက် မောင်းနှင့်ခဲ့သော ရလဒ်က အပြစ်မဲ့ကလေးငယ်အားသေဆုံးစေခဲ့

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဘားအံ-ဇာသပြင်အဖြောင့်လမ်း

ဇန်နဝါရီလ ၁၀ ရက်နေ့ညနေပိုင်းက လမ်းမပေါ်၌အချက်ပြမီးလဲမ

ဖွင့်၊လမ်းဘေးလည်းမချဘဲ လမ်းလယ်တွင်ထော်လာဂျီအားရပ်ထား

ခဲ့ရာမှ အရှိန်ဖြင့်မောင်းနှင်လာသည့်ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိ၍ ကလေးငယ်(၁)ဦးသေဆုံးသွားခဲ့ကြောင်းသိရ

သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၁၀)ရက်နေ့ ညနေ(၇)နာရီ၊မိနစ်(၃၀)

အချိန်ခန့်တွင် ဘားအံ-ဇာသပြင်အဖြောင်းလမ်း၌ယာဉ်တိုက်မှုဖြစ်

ပွားကြောင်းသတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှူ း ရဲအုပ်ညီညီမိုး

ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ

ဘားအံ-ဇာသပြင်အဖြောင့်လမ်းအတိုင်း ဘားအံဘက်မှ ဇာသပြင်

ဘက်သို့ ကဲစပါး(ကျား)၂၂နှစ်၊ (ဘ)ဦးကရနား၊ တောကြီးရွာနိုင်ကျေးရွာ၊

ဘားအံမြို့နယ်နေသူမောင်းနှင်ပြီးရှေ့မှ တူမဖြစ်သူမမိညောင်၊

(၂)နှစ်ခွဲအရွယ်(လိပ်စာတူ)လိုက်ပါလာသော ၃၉/ယ xxxxx

(နံပါတ်တပ်)Honda Dream-125၊နက်ပြာရောင်ဆိုင်ကယ်

သည် ဘားအံမြို့နယ်၊ကော့တရုတ်ရကျေးရွာအနီးမိုင်တိုင်အမှတ်

(၂/၃)နှင့်(၃/၃)ကြားအရောက် ယာဉ်ကြောတစ်ကြောတည်းရှေ့

မှ အချက်ပြမီးမဖွင့်၊လမ်းဘေးမချဘဲ လမ်းပေါ်ရပ်ထားခဲ့သော

(၃ဌ/xxx )နံပါတ်တပ်၊ အပြာရောင်ထော်လာဂျီယာဉ်အား

ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ကဲစပါးတွင်လည်ပင်း

၊ မေးစေ့ ၊ဝဲနဖူး၊ ဝဲပေါင်တို့၌ပေါက်ပြဲဒဏ်ရာများအသီးသီးရရှိခဲ့ပြီး

ရှေ့မှလိုက်ပါသည့် မမိညောင်(၂)နှစ်ခွဲမှာ ဦးခေါင်းခွံလန်၊ဦးနှောက်

ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဘားအံ

ဆေးရုံကြီးတွင်ရဲဆေးစာဖြင့်ပို့ဆောင်ထားရှိကြောင်းသိရသည်။

ထို့နောက် စခန်းမှူ းရဲအုပ်ညီညီမိုးမှ အချက်ပြမီးမဖွင့်၊လမ်းဘေးမချဘဲ လမ်းပေါ်ရပ်ထားခဲ့သောထော်လာဂျီမောင်း(စုံစမ်းဆဲ)နှင့်

ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ကဲစပါး(ကျား)တို့(၂)ဦးအား

ထုံးအိုင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီး

ပုဒ်မ ၃၀၄-က/၃၃၈/၃၃ရဖြင့်အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ

ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ထုံးအိုင်နယ်မြေ

ရဲစခန်းမှသိရသည်။

Credit - ဘားအံသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။