မြန်မာနိုင်ငံကို ကျွန်ပြုခဲ့တဲ့ နိုင်ငံတွေထဲမှာ အဆိုးဆုံးနာမည်အဖြစ်ထင်ရှားကျန်ရှိခဲ့တဲ့ ဂျပန်ခေတ်ကို ပရိသတ်အားလုံးသိမယ်ထင်ပါတယ်။ အဆိုပါ ကိုလိုနီခေတ်က မြန်မာပြည်အတွင်းရှိအဖိုးတန်ရတနာများစွာကို သိမ်းပိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာချိန်တွင် ရတနာအများစုကို လျိုဝှတ်သိမ်းစည်းခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဂျပန်ခေတ်ရတနာတွေကို ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုနှင့် မွန်ပြည်သစ်ပါတီ ပြည်နယ်အစိုးရတို့မှ ပူးပေါင်းရှာဖွေမှုများပြုလုပ်ခဲ့တာတွေ့ရပါတယ်။ လက်ရှိ မွန်ပြည်နယ် သံဖြူဇရပ် မိန်ဗလာတောင်တွင် ဂျပန်ခေတ်ရတနာသိုက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။  

လက်ရှိ ရှာဖွေတွေ့ရှိခဲ့တဲ့ ရွှေချေားတွေကို ကားတစ်စီးစာတွေ့ရှိခဲ့ရပြီး မူလက ဈေးရောင်းသောအမျိုးသမီးမျက်မြင်အရ တစ်နေ့ကို ကားအစီးရေ ၂၀ခန့် မောင်းထည့်ထားကြောင်း သိရပါတယ်။ ခန့်မှန်းချက်အရရွှေချောင်း ကားအစီးရေ ၁၀၀ခန့်ရှိနိုင်ကြောင်း သိရပါတယ်။

Photos - ကိုထူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။