ပဲပြုတ်ကို လေယာဉ်ပျံ ဖြင့်ရောင်းတယ်ဆိုလို့ ပုံပြင်များထင်သွားကြမလား ပရိသတ်ကြီး ။ ဒါဟာတကယ်ရှိတာပါ ပရိသတ်ကြီးရေ ။ အမေရိကယ်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ကနေ အမေရိကန် နိုင်ငံမှာရှိတဲ့ မြို့တော်တွေ ဆီကို ပဲပြုတ်ရောင်းနေတဲ့သူ ကတော့ ဦးမောင်မောင်သိန်းဘဲဖြစ်ပါတယ်။ ဒီ အိုင်ဒီယာလေးကို စဉ်းမိတာကတော့ မြန်မာပြည်နဲ့ခွဲခွါစဉ်မှာ ပဲပြုတ်စားချင်တဲ့ စိတ်ကြောင့် တနိုင်စား ပြုလုပ်မိရာက အခုလိုရောင်းချခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။  

လေယာဉ်ပျံနဲ့ ပဲပြုတ်ရောင်းရာမှာလည်း တွက်ချေကိုက်စေဖို့ ဖောက်သည်ဈေး ၂ဒေါ်လာခွဲဖြင့် ရောင်းချပါကြောင်း ။လေယာဉ်ပျံဖြင့် သယ်ယူရာတွင် လည်းတစ်ကြိမ်တွင် အထုတ်၇၅၀သယ်ယူရောင်းချပါကြောင်း။ တကြိမ်လျှင် ၁၈၇၅ ဒေါ်လာ ရရှိပါကြောင်း ။ သယ်ယူပို့ဆောင်စားရိတ် ၅၅၀ နှုတ်ပါက ဒေါ်လာ၁၃၀၀ ဝင်ငွေရှိပါကြောင်း ။တစ်နှစ်ကို ၁၂ခေါက်ခန့် လေယာဉ်ပျံဖြင့် ရောင်းချသည့်အတွက် တစ်နှစ်ဝင်ငွေ 15600ဒေါ်လာ ( မြန်မာငွေ သိန်း၂၀၀ကျော်) ရရှိပါကြောင်း သိရသည်။ အဆိုပါ ပဲပြုတ်ကို ဝါ၇ှင်တန်ဒီစီအပါအဝင် နယူးယောက်၊ ချီကာကို ၊ စီရဲဒါ တို့အပြင် ကနေဒါနိုင်ငံအထိပါ ရောင်းချနေကြောင်းသိရသည်။ ပဲပြုတ်ကို အဓိကအားပေးကြသူတွေမှာလည်း မြန်မာနိုင်ငံသားများပင်ဖြစ်ကြောင်း သိရသည်။ 

စားတော်ပဲ ကုန်ကြမ်းအတွက် Yellow Peas ကို ကနေဒါနိုင်ငံဖြစ်ပဲကို အသုံးပြုပါကြောင်း ။ စားတော်ပဲပြုတ် ၏ အရည်အသွေးကို ထိန်းချုပ်ရန်အတွက်လည်း သေသေချာချာ ဂရုတစိုက် စေတနာထားပြီးပြုလုပ်ထားခြင်းအတွက် အမေရိကန်ပြည်ထောင်စုနေ မြန်မာပြည်သားများ က တခဲနက်အားပေးမှုကိုရရှိထားကြောင်းသိရသည်။ နောက်ပိုင်းတွင် အကြွေစေ့ထည့်ရုံဖြင့် ဝယ်ယူနိင်အောင်ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်းလည်းကြားသိရပါတယ် ။ ကဲ ပရိသတ်ကြီးရေ လေယာဉ်ပျံနဲ့ ပဲပြုတ်ရောင်းကြမလား ။

Source - Maung Maung Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။