ပရိသတ်အချစ်တော် မင်းသမီးချောတွေထဲကတစ်ယောက်ဖြစ်တဲ့ ချောရတနာကိုတော့ အားလုံးချစ်မှာပါ။ သရုပ်ဆောင် ကောင်းပြီးပရိသတ်တွေရဲ့အားပေးမှုကြောင့် အကယ်ဒမီဆုကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

လက်ရှိ မိသားစုဘဝလေးနဲ့အတူ ဖြတ်သန်းနေပြီး အနုပညာအလုပ်တွေကို ရပ်နားထားတာတွေ့ရပါတယ်။ မင်းသမီးချောရတနာ ကတော့လက်ရှိ ကလေးနှစ်ယောက် ရရှိထားသူဖြစ်ပြီး မိဘတာဝန်ကျေပွန်ဟာ ထမ်းဆောင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့ ချောရတနာရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် သားလေးကိုရေကူးသင်ပေးနေတာတွေ့ရပါတယ်။

အဆိုပါ ဓာတ်ပုံတွင် ချစ်စရာသားလေးနှင့်အတူ ရေကူးနေပြီး သဘာဝဆန်ဆန် ရိုက်ကူးထားတာတွေ့ရပါတယ်။ ဟန်ဆောင်မှုမရှိ ဖြူစင်တဲ့အပြုံးတွေနဲ့ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ချစ်တဲ့ စိတ်ကို ပရိသတ်တွေ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

photos - Chaw Ya Tana

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။