လူငယ်ဒါရိုက်တာ ကိုဂျိုး ရိုက်ကူးပုံဖော်ထားတဲ့ ''Cover'' ရုပ်ရှင်ကားကြီး ဇာတ်သိမ်းပိုင်း ရိုက်ကူးပုံဖော်နေတာလည်း ဖြစ်ပါတယ်။''ရဲနိုင်''ကာရိုက်တာဖြင့်ကိုရန်အောင်က ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ် ။''ဂျိုးရိုက်တဲ့ ဇာတ်ကောင်တွေဆို ဒဲ့ကြမ်းမယ် ဒဲ့ဖြိုမယ်ဆိုတာချည်းဘဲဗျာ''ဆိုပြီး ကိုဂျိုး ကိုပြောထားပါသေးတယ်။ကျု်ဇာတ်ကားကို လူငယ်ပရိဂျူဆာဇနီးမောင်နှံမှကူညီပေးထားတာလည်းဖြစ်ပါတယ်။

ရဲနိုင်ရဲ့ ဇာတ်ကောင်နှင့်လိုက်အောင် တတ်တူးစတေကာများကို ပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။ တတ်တူးဆွဲပေးတဲ့ ဆရာကတော့ ကိုထက်ကျော်နှင့် ကိုအောင်တို့လည်းဖြစ်ပါတယ်။''ရိုက်ခါနီးမိုးတွေးအုံ့နေပြီး လေတွေတိုက်လျှပ်စီးတွေလက်လာလို့ ဒီနေတော့ မိုးရေချိုးရပြီးထင်တာ မရွှာဘူးကံကောင်းချက် ''ဆိုပြီး သူရဲ့ ကိုယ်ပိုင် လူမူကွန်ယက်မှာ တင်ထားတာလည်းဖြစ်ပါတယ်။

''ကျွန်တော် ကိုတတ်တူး ထိုးပေးတဲ့ဆရာတွေက အပြင်မှာလည်းတကယ်တတ်တူးထိုးပါတယ် ။ရုပ်ရှင်တွေမှာ ယာယီတတ်တူးထိုးရပေမဲ့ တကယ်တတ်တူးထိုးထားသလို့စိတ်ရှည်လက်ရှည်နဲ့ တူအောင်ဆွဲပေးကြပါတယ်။ ဒီနေ့တွေ့ရတဲ့ တတ်တူးပုံတွေအတွက် နှစ်ရက်အချိန်ယူပြီးထိုးထားတယ်ဆိုတာ ယုံမလား''ဆိုပြီးပရိသတ်များကိုမေးလိုက်ပါတယ်။ ပရိတ်သတ်ကြီးရယ် ''Cover'' ရုပ်ရှင်ကားမှာတော့ တတ်တူးအလန်းများနှင့်တွေ့ရတော့မယ့်ကိုရန်လေးပဲဖြစ်ပါတယ်။

photo scoure း ko yan lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။