ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ ကလေးကအစလူကြီးအဆုံးသိကြတဲ့ မင်းသမီးချောလေး ခင်လေးနွယ်ကတော့ လက် ရှိမှာ ရိုက်ကူးရေးတွေ၊အနုပညာလှုပ်ရှားမှုတွေမှာ သိပ်မတွေ့ရတော့ပဲ အနုပညာလောကနဲ့ အနဲငယ်အလှမ်းဝေး နေပါတယ်။သူမကတော့ ရိုက်ကူးရေးတွေမလုပ်တော့မယ့် ပွဲတက်လေးတွေရှိနေသေးပြီး လူမှုကွန်ယက်မှာ လည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ် ရှိနေပါတယ်။ချစ်စရာကောင်းတဲ့ လီဆူးတိုင်းရင်းသူလေးသူမက တော့ ဒီနေ့မှာ မိုးကုတ်သူဖြစ်ရတာဂုဏ်ယူတယ်လို့ ဆိုလာပါတယ်။

မိုးကုတ်မြို့သူလေးဖြစ်တဲ့ သူမကတော့ ပြီးတဲ့ခဲ့ မတ်လမှာပြုလုပ်ကျင်းပခဲ့တဲ့ မိုးကုတ်မြို့နှစ်(၈၀၀)ပြည့်အခမ်း အနားကို ပျော်ရွှင်စွာပဲ သွားရောက်တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။မိုးကုတ်မြို့နှစ်(၈၀၀)ပြည့်ပွဲကြီးကို မိုးကုတ် သူ၊မိုးကုတ်သားအနုပညာများလည်း တက်ရောက်ခဲ့ဲပြီးတကယ့်ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပ ခဲ့တာပဲ ဖြစ်ပါတယ်။မတ်လ(၂၆)ရက်နေ့ မနေ့ကတော့ မိုးကုတ်မြို့နှစ်(၈၀၀)ပြည့်ဂုဏ်ပြုညစာစားပွဲကို ရန်ကုန် မြို့ Chatrium Hotel မှာပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။  

ပရိသတ်အချစ်တော် ခင်လေးနွယ်ကတော့ နှစ်(၈၀၀)ပြည့်ပွဲတော်ကြီးမှာတုန်းလည်း မိုးကုတ်မြို့သူလေး တစ် ယောက်အနေနဲ့ ပျော်ရွှင်စွာပါဝင်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲကြီးကို တက်ရောက်လာခဲ့ တာကိုတွေ့ရပါတယ်။ဂုဏ်ပြု ညစာစားပွဲကြီးမှာ လူတိုင်းငေးရတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိနဲ့ ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်။သူမ ရဲ့ လူမှုကွန်ယက်မှာလည်း ပွဲတက်ပုံရိပ်အလန်းလေးတွေနဲ့ မိုးကုတ်သူလေးဖြစ်ရတာဂုဏ်ယူပါတယ်လို့ ရေး သားခဲ့တာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သူမရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေး လိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ခင်လေးနွယ်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။