တရုတ်အခြေစိုက် Vivo စမတ်ဖုန်း ကုမ္ပဏီဟာဆိုရင် အလယ်အလတ်အဆင့်ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်တဲ့ Vivo Z1ကို မိတ်ဆက်လိုက်ပီပဲ ဖြစ်ပါတယ်။ ယခုနောက်ဆုံးပေါ် ဖုန်းမျက်နှာပြင်တွေ၊ သုံးစွဲသူတွေကို အကြိုက်နှစ်သက်စေမယ့် စွမ်းဆောင်ရည်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဖုန်း တစ်လုံး ဖြစ်တာကြောင့် Vivo Z1 ရဲ့ စွမ်းဆောင်ရည် အချို့ကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။ 

Vivo Z1မှာဆိုရင် CPUပိုင်းမှာတော့ Snapdragon 660ကို အသုံးပြုပေးထားပြီး RAM အနေနဲ့ကတော့ 4 GB ပါဝင်တာပဲ ဖြစ်ပါတယ်။ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းအနေနဲ့ကတော့ 64 GB ပါဝင်ပြီး Memory Card ပါ ထပ်စိုက်ပြီး အသုံး ပြုနိုင်မှာ ဖြစ်လို့ အဆင်ပြေစေမှာပါ။ ကင်မရာကိုတော့ အနောက်ကင်မရာမှာ 13 MP + 2 MP ဖြစ်ြပ်ပြီး အရှေ့ဘက် Selfie ကင်မရာကိုတော့ 24 MP တပ်ဆင်ပေးထားတာကြောင့် Selfie ရိုက်တာ ဝါသနာ ပါသူတွေအတွက် အကြိုက်တွေ့စေမှာလည်း ဖြစ်ပါတယ်။ 

Android Version အနေနဲ့ကတော့ ယခုနောက်ဆုံးထွက်ရှိထားတဲ့ 8.1 Oreo ကို အသုံးပြုပေးထားပြီး ဘက်ထရီပိုင်းမှာ ဆိုရင်လည်း 3260 mAh ပမာဏရှိတဲ့ ဘက်ထရီလည်း ပါဝင်ထားပါတယ်။ Vivo Z1ကိုတော့ တရုတ်နိုင်ငံတွင် ဇွန်လ ၄ရက်နေ့မှ စတင်မှာယူနိုင်မည်ဖြစ်ကာ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၈၂ ဒေါ်လာ ရှိမယ်လို့ သိရပါတယ်။

Source:Mibile guide Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။