ရှေးရာစုနှစ်ပေါင်းများစွာကတည်းက လူတွေဟာ အိပ်စက်ခြင်းနဲ့အိပ်မက်မက်ခြင်းတို့ကိုစိတ်ဝင်စားခဲ့ကြပါတယ်။သိပ္ပံပညာရှင်များဟာ အိပ်စက်ခြင်းနဲ့ပက်သက်ပီး အချိန်အတော်ကြာလေ့လာခဲ့သည့်တိုင် ဘာကြောင့်အိပ်မက် မက်တယ်ဆိုတဲ့အကြောင်းကို အကျမ်းဖျင်းလောက်ပဲသိခဲ့ကြပါတယ်။နောက်ပိုင်းသုတေသနတွေ့ရှိချက်များအရအိပ်မက်နဲ့ပက်သက်ပီးအရေးကြီးတဲ့ အကြောင်းအရာအနည်းငယ်ကိုတော့သိလာနိုင်ပါပီ။

ပထမဦးဆုံးအနေနဲ့ အိပ်မက်မက်နေစဉ် မျက်လုံးဟာဆက်ခနဲလှုပ်ရှားမှုမျိုးကိုခံစားရမှာပါ။အာ့ဒီအချိန်မှာဦးနှောက်ဟာအလွန်သွက်လက်နေတတ်ပါတယ်။ဒုတိယအချက်ကတော့ အိပ်ရာကနိုးလာတဲ့အခါ တခါတလေမိမိမက်ခဲ့တဲ့အိပ်မက်ကို ပြန်မမှတ်မိပဲဖြစ်နေတတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ တနေ့တာတွေ့ကြုံနေခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဦးနှောက်ရဲ့အစိတ်အပိုင်းတချို့ကပြန်ပီးမှတ်မိအောင်ကူညီပေးလေ့ရှိပါတယ်။

ပညာရှင်တွေဟာ ဘာကြောင့်အိပ်မက်မက်တယ်ဆိုတာကို အတိအကျမသိပေမဲ့လည်း ၊ တချို့ပညာရှင်တွေကတော့ အိပ်မက် မက်ခြင်းဟာတနေ့တာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ၊စိတ်ခံစားချက်တွေနဲ့ဆက်စပ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။လေ့လာတွေ့ရှိချက်များအရ အိပ်မက်ထဲမှာသေခြင်းနဲ့ပက်သက်ပီးမြင်မက်ရင် အပြင်မှာ ဘဝမှာကြီးကြီးမားပြောင်းလဲမှုဖြစ်သွားတာမျိုး၊ တယ်လီဖုန်းကိုအိပ်မက်မက်ရင် ကိုယ်ကအရေးကြီးတဲ့စကားနားထောင်ရတာမျိုး၊သွားကျိူးတယ်လို့မက်ရင် အပြင်မှာတစ်စုံတစ်ယောက်ကိုဆုံးရှုံးရတာမျိုးတွေလည်း ဖြစ်နိုင်တယ်လို့ပညာရှင်တွေက ဆိုထားပါတယ်။သို့သော်လည်း ယနေ့အချိန်ထ အိပ်မက်နှင့်ပက်သက်ပီးအကြောင်းအရာအနည်းငယ်လောက်သာ လေ့လာတွေ့ရှိကြပီး မည်သူကမှ အိပ်မက်မက်ခြင်းရဲ့အကြာင်းတရား ကိုသေချာမရှင်းပြနိုင်ကြသေးပါဘူး။

Source:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။