ယခုလတ်တလော လူမှုစာမျက်နှာထက်မှာတော့ နာမည်ကြီး မင်းသမီးသင်ဇာဝင့်ကျော်ရဲ့ ဓာတ်ပုံတွေဟာ အတော်လေးလူကြည့်များပြီး ပျံ့နှံ့လို့နေတာ တွေ့ရပါတယ်။ သူမဟာ မြန်မာပြည်အောက်ပိုင်း ကော့သောင်းဖက်ကို ရောက်ရှိနေတာဖြစ်ပြီး ကမ်းခြေမှာ အပန်းဖြေနေတဲ့ သူမရဲ့ပုံရိပ်တွေကတော့ မြင်သူတကာငေးရလောက်အောင် လှလွန်းနေပါတယ်။ 

ပင်လယ်ကမ်းခြေနဲ့ လိုက်ဖက်အောင် ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံစံကတော့ သိပ်လှတဲ့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုမိုပေါ်လွင်စေပါတယ်။ ဒီနေ့မှာလည်း Speed Boat ပေါ်မှာ Bikini လေးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ထပ်မံတင်လို့ထားတာ တွေ့ရပါတယ်။ သင်ဇာဟာ ကာလံဒေသံနဲ့လိုက်ညီအောင် ဝတ်တတ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်တွေစောင့်ကြည့်ခြင်းခံရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သင်ဇာဝင့်ကျော်ဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပြီး TVC တွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူမပါဝင်ရိုက်ကူးခဲ့တဲ့ "မုန်းလို့ရရင် မုန်းချင်တယ်" ဇာတ်ကားကြီးကတော့ ပရိသတ်တွေဆီက ကောင်းမွန်တဲ့ feedback တွေပြန်ရခဲ့ပြီး တကယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ခုဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေ ရရှိထားတာ တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် သင်ဇာ့ရဲ့ အရမ်းလန်းနေတဲ့ ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်....

Photo Source : Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။