Himiko ဆိုတဲ့ Water busဟာ ဂျပန်နိုင်ငံမှာတော့ ထင်ရှားလှတဲ့Water bus ဖြစ်ပြီး ဒီဇိုင်းကတော့ ဂျပန်အနုပညာရှင် Reydzi Matsumoto ရဲ့လက်ရာပဲ ဖြစ်ပါတယ်။ အာကာသယာဉ်တစ်စင်းနဲ့ တူအောင် ဖန်တီးပေးထားပြီး အလျား ၃၃မီတာ အနံ ၈မီတာ ရှိကာ အလေးချိန် ၁၁၄တန် ရှိပါတယ်။ 

ဒီ water bus ပြေးဆွဲပေးတဲ့ ခရီးစဉ်ကတော့ Sumida မြစ်ကြောင်းတစ်လျှောက်မှာ Asakusa ကနေ Odaiba ကျွန်းကိုပြေးဆွဲပေးလျှက်ရှိပါတယ်။ လူ ၇၈ယောက်စီးနင်းနိုင်ပြီး သင်္ဘောခကတော့ ယန်း ၁၀၀၀ ကနေစလို့ကျသင့်မှာဖြစ်ပါတယ်။ 

၂၀၁၀ ခုနှစ်လောက်ကတည်းက နာမည်ကြီးခဲ့တဲ့သင်္ဘောဖြစ်ပြီး နှစ်အတော်ကြာတဲ့အထိ ခေတ်မီနေတဲ့ ငဘောၤတစ်စီး ဆိုရင်လည်း မမှားပါဘူး ။ သင်္ဘောရဲ့နာမည်ကိုတော့ ဂျပန်ပြည်ရဲ့ ဂန္တဝင်ဘုရင်မတစ်ဦးဖြစ်တဲ့ ဘုရင်မ Himiko ရဲ့နာမည်ကိုပေးထားခြင်းဖြစ်ပြီး ယနေ့အချိန်အထိ လာရောက်လည်ပတ်သူတွေနဲ့ ပြည့်နှက်နေတဲ့ သင်္ဘောတစ်စီး လည်းဖြစ်ပါတယ်။

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။