ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်အလုံးအထည်နဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ ပိုင်တံခွန်ကတော့ အမြဲစစနောက်နောက်နဲ့ ပျော်ပျော်နေတက်တဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။အစအနောက်သန်တဲ့ ပိုင်တံခွန်တစ် ယောက် လွန်ခဲ့တဲ့ လပိုင်းမှာလည်း မော်ဒယ်ကောင်မလေးတစ်ယောက်နဲ့ စနောက်ရင်း ပရိသတ်တွေကို အကြီး အကျယ်ပြန်ရှင်းပြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒီနေ့မှာလည်း ပရိသတ်တွေကို စိတ်ဝင်စားစရာမေးခွန်းလေးတစ်ခုနဲ့ ခေါင်းစားလိုက်ပြန်ပါပြီ။ 

ပိုင်တံခွန်ကတော့ အင်းလေးဖောင်တော်ဦးတော်ဦးဘုရားမှာရွှေသင်္ကန်းကပ်ရင်း ပရိသတ်တွေကို မေးခွန်းတစ်ခု ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။သူရဲ့ မေးခွန်းလေးကတော့ အင်းလေးဖောင်တော်ဦးတော်ဦးဘုရားမှာ ကိုယ် ဘယ်သူအတွက် ဆုတောင်းပေးခဲ့တယ်ထင်လည်းလို့ ပရိသတ်တွေကို မေးလိုက်တာပဲ ဖြစ်ပါတယ်။သို့လောသို့ လောဖြစ်ဖွယ်မေးခွန်းလေးတွေနဲ့ ပရိသတ်တွေကို အချစ်စမ်းလေ့ရှိတဲ့ ပိုင်တံခွန်ကတော့ ဒီတစ်ခေါက်မေးခွန်း လေးကလည်း ဘယ်သူအတွက်များဆုတောင်းပေးခဲ့တာလဲဆိုပြီး ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။ 

နှုတ်ခမ်းနီမလေးတွေကတော့ သူမတို့အတွက် ဆုတောင်းပေးခဲ့တာမလားဆိုပြီး ပိုင်တံခွန်ရဲ့ ပိုစ့်လေးအောက် မှာ ပြန်လည်ကျီစယ်တဲ့သဘောလေးနဲ့ မှတ်ချက်လေးတွေဝင်ရေးနေကြပါတယ်။စတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ အင်းလေးဖောင်တော်ဦးတော်ဦးဘုရားမှာ ရွှေသင်္ကန်းကပ်လှူခဲ့တဲ့ ပိုင်တံခွန်ရဲ့ ကုသိုလ် လေးကိုတော့ ပရိသတ်တွေ သာဓုခေါ်ဆိုဖို့မမေ့ကြပါနဲ့အုန်းနော်။ချစ်သောပရိသတ်တွေအတွက်ပိုင်တံခွန်ရဲ့ ကုသိုလ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ပိုင်တံခွန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။