တောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်ပိုင်ရှင်လေးဝါဆိုမိုဦးကတော့ ပုရိသပရိသတ်တွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ အလှနတ် သမီးလေးတစ်ပါးပဲဖြစ်ပါတယ်။စွဲမက်စရာဘော်ဒီကောက်ကြောင်း တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေးတစ်စုံကလည်း ပရိသတ်တွေ ရဲ့ အမြင်အာရုံကို ရုန်းမထွက်နိုင်အောင်ညို့ယူထားတာပဲ ဖြစ်ပါ တယ်။ခပ်မိုက်မိုက်ဖက်ရှင်လေးတွေနဲ့ စမတ်ကျကျအမြဲ မြင်တွေ့ရ တဲ့သူမကတော့ ဒီနေ့မှာလည်း အရမ်းလှနေတဲ့ဓာတ်ပုံလေးတွေ လူမှုကွန်ယက်မှာမျှဝေလိုက်ပြန်ပါတယ်။ 

ပရိသတ်တွေအနေနဲ့ သူမတစ်ယောက်ထဲရဲ့ အလှတွေကို ခံစားမြင်တွေ့ရမှာမဟုတ်ပဲ သူမနဲ့အတူတခြားသော နတ်သမီးလေးတွေကိုပါမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဘယ်ဘုံကနတ်သက်ကြွေလာတဲ့ မတ်သမီးလေးတွေလည်းလို့ပရိသတ်တွေမေးယူရလောက်တဲ့အထိ အလှချင်းပြိုင်နေတဲ့ မိန်းမချောလေးခြောက်ယောက်ပဲဖြစ်ပါတယ်။ဝါဆိုမိုးဦးကတော့ သူမရဲ့လူမှုကွန်ယက်မှာ "ဝါဆိုတို့ညီအမတွေပါ အချောတွေကြီးပဲနော် ဟုတ်တယ်ဆိုရင် အသဲလေးတွေပေးသွားနော်"ဆိုတဲ့စာလေးနဲ့အတူ နတ်မိမယ်လေးတွေရဲ့ အလှပုံရိပ်လေးတွေ မျှဝေထားတာပဲဖြစ်ပါတယ်။သူတို့ညီမတွေကတော့ တကယ့် ကိုအချောတွေပါပဲနော်။

ခုလိုမြင်သူတိုင်းစွဲမက်ရတဲ့ ခေတ်သစ်ပပဝတီလို မိန်းမချောလေးကို ရရှိထားတဲ့ အဆိုတော်ဖြိုလေးကတော့ တကယ်ကိုစိတ်မချဖြစ်နေမှာ အမှန်ပါပဲနော်။ချစ်သူသက်တမ်း၂နှစ်ကျော်ရှိလာပြီးဖြစ်တဲ့ သူတို့ နှစ်ဦးကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်တဲ့ ပရိသတ်တွေအားကျ လောက်စရာစုံတွဲလေးအဖြစ်ရှိနေပါတယ်။အခုတော့ချစ်ပရိသတ်တွေ အတွက် မြင်သူတိုင်းငေးရမယ့် နတ်မိမယ်လေးတွေရဲ့ အလှပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ဝါဆိုမိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။