ပရိသတ်တွေချစ်မဝဖြစ်နေကြရတဲ့ အနုပညာရှင်မိသားစုလေးတွေထဲမှာတော့ အဆိုတောင်လင်းလင်းနဲ့ ချစ်သု ဝေတို့မိသားစုလေးကလည်း ထိပ်ဆုံးကပါဝင်နေမယ်လို့ ထင်ပါတယ်။ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက် နဲ့ စိတ်ချမ်းသာကြည်နူးဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြသူတွေပဲ ဖြစ်ပါတယ်။သူတို့ဇနီးမောင် နှံလေးကတော့ တစ်ယောက်ကိုတစ်ယောက် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုသလို အပြန်အလှန်နားလည်မှုတွေနဲ့ အချစ်ခရီးလမ်းကိုလျောက်လှမ်းနေတဲ့ သူတွေဖြစ်တာကြောင့် ပရိသတ်တွေအရမ်းကို အားကျနေရပါတယ်။  

ဒီနေ့ Sunday နားရက်လေးမှာတော့ ချစ်သမီးလေးသဲသစ်လေးကို ထိန်းရမယ့် တာဝန်ကိုတော့ ဖေဖေလင်း လင်းကတာဝန်ကျပါတယ်။ချစ်သမီးလေးကိုထိန်းပြီးနေ့လည်နေ့ခင်း သမီးလေးအိပ်ဖို့ကိုလည်းတော်တော်လေး ခက်ခက်ခဲခဲနဲ့ သိပ်ခဲ့ရပုံလေးကိုလည်း သူရဲ့ လူမှုကွန်ယက်ကနေ“ဒီမှာ မိတ်ဆွေ နေ့လည်နေ့ခင်း သဲသစ်အိပ်ဖို့ချော့သိပ်ရတာဟာပြည်တွင်းငြိမ်းချမ်းရေး ရဖို့ထပ် ခက်ခဲတယ်ဆိုတာ ပုံအစီအစဉ်လိုက်သာကြည့်လော့ရှုလော့ မိတ်ဆွေ”ဆိုပြီးချစ်စရာပုံလေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။ 

ဒီရက်ပိုင်းမှာတော့ မေမေဖြစ်သူချစ်သုဝေက ကျန်းမာရေး သိပ်မကောင်းတာကြောင့် ခေတ်နဲ့သစ်လေးကို ဖေ ဖေလင်းလင်းကပဲ ထိန်းနေရတာပဲ ဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကတော့ ခင်ပွန်းမအားတဲ့ အခါကလေးတွေကို ဇနီးဖြစ်သူထိန်း ဇနီးဖြစ်သူမအားတဲ့ အခါခင်ပွန်းကထိန်းနဲ့သမီးလေးနှစ်ယောက်ကိုလည်း အကောင်းဆုံးပြု စု ပြိုး ထောင်ပေးနေတဲ့ ချစ်စရာကောင်းတဲ့ ဖေဖေနဲ့မေမေပဲ ဖြစ်ပါတယ်။ဒီနေ့ကလေးထိန်းတာဝန်ကျတဲ့ လင်းလင်း နဲ့ ချစ်သမီးလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - လင်းလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။