ပရဟိတ မင်းသားကြီး  ကိုဝေဠုကျော်တော့ သူရဲ့နာဂခရီးစဉ် အခက်အခဲများကို ဖော်ပြထားပါတယ်။ ကားကတောင်ပူအားလွန်လို့ ရေတောင်အချိန်ပြည့်ထည့်နေရတယ် ဆိုတယ်အကြောင်းကို ပရိသတ်ကြီးကိုဖော်ပြထားပါတယ်။ ဒါပေမဲ့ဘယ်လောက်ပင်ပန်းနေပါစေ ဝါသနာပါတဲ့ အလုပ်ကိုလုပ်နေရတာသူအတွက်ပျော်ရွှင်နေပါတယ်လို့သိရပါတယ်။

''ကျွန်တော်တို့တွေ ညအိပ်စတည်းချခဲ့ရတဲ့ ခန္တီးမြို့ နှင့် ထန်ပါခွေ မြို့ ခရီး တစ်ဝက်ခန့်ရှိ ( မိုင် ၅၀ ကျော်၏ တစ်ဝက် ) တောတွင်း တောင်ထိပ်နားက လမ်းတစ်နေရာမှာ တောကြက်တွန်သံများနဲ့အတူ နိုးထလို့လာခဲ့ရပါသည် ၊ အေးမြပြီးလှပတဲ့ သဘာဝရှုခင်းရဲ့ အလှပကို နှင်းမှုံများကြားမှာ ခံစားရင်း ညက အိပ်ထားတဲ့ ရွက်ဖျဉ်တည်းတွေ သိမ်းတုန်း တစ်မျိုးနဲ့ တစ်မျိုး မရိုးရလေအောင် ကားက ဘီးလေးပါ ထပ်ပေါက်ပေးထား ပြန်တယ်လေ''။ ဟုပြောထားပါတယ်။ 

''အတက်ရှည်တာကလည်း တတက် တတက်ကို မိုင်ချီတယ် လမ်းကလည်း ကျောက်ကြမ်းလမ်း ဆိုတော့ကားအတက်က " အကြမ်း " အတက်ရှည်တာကလည်း " အရမ်း " ဘီးများထပ်ပေါက်လို့ကတော့ " အလွမ်း " ဘဲဖြစ်တော့မှာပေါ့ . . .'' ဟု ဆိုပြီး ပရဟိတ မင်းသားကြီးကိုဝေဠုကျော်မှ ပရိတ်သတ်ကြီးကို အခက်အခဲများကိုတင်ပြပေးထားတာလည်း ဖြစ်ပါတယ်။ပရိသတ်ကြီး ကနောက်ဘဝ နတ်သားဖြစ်မယ်လို့လည်းတစ်ချို့က ထင်ကြေးပေးနေကြတာ ကြားဖူးပါတယ်။ ကဲပရဟိတ မင်းသားကြီး ကို အားပေးကြပါအုန်းနော်။

photo scoure: wai  lu  kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။