အနုပညာလောကမှာ လျောက်လှမ်းလာတဲ့ကြာပြီဖြစ်တဲ့ နန်းစုရတီစိုးကတော့အဆိုပိုင်းရော သရုပ်ဆောင်ပိုင်း မှာပါ ထူးချွန်တဲ့မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေပြီး ပရိသတ်တွေအားကျနေရတဲ့ အချစ်ရေးလေးနဲ့ စိတ်ချမ်းသာနေတာပဲ ဖြစ်ပါတယ်။စိတ်ပျိုတော့ ကိုယ်နုဆိုသလို သူမကတော့ တစ်ခြားတစ်ခြားပိုပိုနုပြီးလှနေပါတယ်။  

ဒီနေ့မှာတော့ ကြီးကျယ်ခမ်းနားလှတဲ့ ညစာစားပွဲလေးနဲ့ တစ်ခုနဲ့ ပရိသတ်တွေကို သရေကျစေခဲ့ပါတယ်။မြင်ရ သူတိုင်းကို စားချင်စိတ်တွေ တဖွေးဖွေးပေါ်လာစေပြီး အမြင်နဲ့တင် ဗိုက်ဆာသွားစေမယ့် ညစာစားပွဲလေးက တော့ သူမတို့ချစ်စရာမိသားစုလေးရဲ့ မိသားစု Dinner ပွဲလေးမှ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။တကယ့်ကိုစား ချင်စဖွယ် ပင်လယ်စာ စားသောက်ဖွယ်ရာတွေနဲ့ ပရိသတ်တွေကို သရေကျစေခဲ့တာပဲ ဖြစ်ပါတယ်။ 

သူတို့မိသားစုညစားစာပွဲလေးမှာ တစ်ခုခုလိုနေတာကိုလည်း ပရိသတ်တွေက သတိထားမိနေကြပြီး နန်းစုကို မေးခွန်းလေးတွေမေးနေကြပါတယ်။မေးခွန်းလေးကတော့ သူမရဲ့အနားမှာအရိပ်လို အမြဲမြင်တွေ့ရတဲ့ ကွီး G Fatt တစ်ယောက်မမြင်ရတာကြောင့် သူလေးတစ်ယောက်မပါဘူးလို့လားမေးခွန်းလေးတွေမေးနေကြတာပဲ ဖြစ်ပါတယ်။အစားအသောက်စားရတာနှစ်သက်တဲ့ နန်းစုကတော့ သရေကျဖွယ် ပင်လယ်တွေကို အပီပြင် ဆွဲ နေတော့တာပဲ ဖြစ်ပါတယ်။ကြည်နူးစရာကောင်းတဲ့ သူမတို့မိသားစုညစာစားပွဲပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နန်းစုရတီစိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။