နာမည်ကျော်မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အလင်းရောင်တစ်ယောက် မင်းသမီးနန်းဆုဦးနဲ့ ရိုက်ကူးထားတဲ့ " ခရီးသွားကောက်ကြောင်း " (Travel Documentary) ကို ဧပြီလ 19 ရက်မှ 26 ရက်နေ့ထိ ရက်သတ်မှတ်ပြီး စရံငွေရယူကာ မြောက်ဦးနှင့်ငပလီတို့တွင် ရိုက်ကူးခဲ့ကြတာပဲဖြစ်ပါ တယ်။ ရိုက်ကူးရက်ပြီးစီးသည်အထိကို ကျန်ရှိနေတဲ့ လက်ကျန်ငွေအားလုံးကို မရှင်းပေးသေးတာ ကြောင့် အလင်းေ်ရာင်ရဲ့ ရှေ့နေဖြစ်သူနဲ့ တွေ့ဆုံစေခဲ့ကာ မေလ 16 ရက်နေ့ နောက်ဆုံးထားကာ ပေးမည်ဟု ကတိပေးခဲ့ပေမယ့်လည်း အလင်းရောင်အနေနဲ့ လက်ကျန်ငွေကို မရရှိခဲ့ပါဘူး။

ငွေပေးချေမှုမှာလည်း " ဘဏ်မှလွှဲထားပြီးပြီဟုပြောသော်လည်း အမှန်တကယ်လွှဲပြောင်းမှုမရှိခဲ့ခြင်း၊ ငွေလွှဲမရောက်ခြင်းသည် System Error ဟုပြော၍ အကြိမ်ကြိမ်ရက်ပြန်ချိန်းပြီး ငွေလွှဲပြောင်းမှုမရှိ ခဲ့ခြင်း၊ တစ်ဖက်ကဘဏ်အကောင့်ထဲတွင် ငွေအလုံအလောက်မရှိသော်လည်း cheque လက်မှတ် ပေးခြင်း၊ နောက်ဆုံးတွင် သူမ၏ကားကိုရောင်း၍ပေးပါမည်ဟုပြောသော်လည်း ရောင်းမထွက် ကြောင်းဆင်ခြေပေးခြင်း၊ ထိုကားရောင်းရန် ကျနော်တို့က ကူညီပြီး အသိကား Showroom တွင် စပ်ပေးခဲ့သော်လည်း တေ့တေ့ဆိုင်ဆိုင်ဖြစ်ပြီးမှ မရောင်းတော့ဘူးဟုပြောပြီး ငွေကိုတခြားမှ ရှာပေးမည်ဟုကတိပေးကာ ရက်ချိန်းပေး၍ မေလ 27 ရက်နေ့ နေ့လည် 12 နာရီ နောက်ဆုံးထားပေး မည်ဟုပြောသော်လည်း ကတိထပ်မံပျက်ကွက်ခဲ့ပါတယ်။ " ဟုပြောဆိုထားတာကိုတွေ့ရပါတယ်။

ထပ်မံပြီး အလင်းရောင်အနေနဲ့ လက်ရှိရိုက်ကူးထားတဲ့ " ခရီးသွား ကောက်ကြောင်း " (Travel Documentary) ကို မည်သည့်ရုပ်သံ Channel များတွင်မှာ ထုတ်လွှင့် ခွင့်မပြုနိုင်ကြောင်း စာအသိ ပေးအပ်ပါသည်။ " ဆိုပြီး ရေးတင်ထားတာဖြစ်ပါတယ်။ 

Photo - Alinnyaung Light

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။