နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ နီနီခင်ဇော်တစ်ယောက် ဆံပင်အတိုလေးနဲ့ အရမ်းကို ချစ်စရာ ကောင်းလွန်းနေပါတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး သူမကိုချစ်ခင်အား ပေးတဲ့ ပရိသတ်တွေ အများအပြားပါပဲ။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး လက်ရှိအချိန် ထိလည်း အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အဆိုတော်တစ်ဦးလည်း ဖြစ်ပါ တယ်။

Melody World ကနေ သူမရဲ့ဂီတလမ်းကြောင်းစတင်ခဲ့ပြီး ပရိသတ်တွေအသိအမှတ်ပြု အားပေး ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Super Red နှုတ်ခမ်းနီနဲ့ မျက်နှာ ချေတို့ကိုလည်း ထုတ်လုပ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့သံစဉ်တွေဟာ ပရိသတ်တွေ ကြားမှာ အရမ်းကိုရေပန်းစားလွန်းပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ပြောင်းလဲလိုက်တဲ့ပုံစံလေးတစ်ခုဟာ ဆံပင်အတိုအကပ်လေးနဲ့ လုံးဝ ကို လူငယ်လေးတစ်ယောက်ပုံစံပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ လှတဲ့သူကဘယ်လိုနေ နေလှတယ် ဆိုတဲ့စကားလေးအတိုင်းပဲ သူမဟာလည်း ဘယ်လိုပုံစံလေးကိုပဲပြောင်းပြောင်း လိုက်ဖက်ပြီး ကြည့်ကောင်းလွန်းနေပါတယ်။ ချစ်စရာကောင်းတဲ့ နီနီ့ရဲ့ပုံစံအသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။