နေခြည်ဦးဆိုရင်တော့ မြန်မာက Social Media သုံးတဲ့သူတော်တော်များများ မသိသူမရှိပါဘူး ။ သူမရဲ့ ထူးခြားချက်ကတော့ မိန်းကလေးပေမယ့် မိန်းကလေး ပရိတ်သတ်ပိုများတာပါ ။ မြန်မာနိုင်ငံက နာမည်အကျော်ကြားဆုံး Beauty Blogger တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ် ။ သူမကတော့ ပေါ့ပါးတဲ့ တင်ဆက်ပုံနဲ့ ပရိတ်သတ်တွေကို သူငယ်ချင်းလို နွေးနွေးထွေးထွေး ဆက်ဆံတတ်မှုကြောင့် လူချစ်လူခင်ပေါများလာသူပါ ။ 

သူမ Review လုပ်ပေးတဲ့ ပစ္စည်းတိုင်းဟာ စျေးကွက်မှာ ရှာမရလောက်အောင်ကို ပစ္စည်းပြတ်သွားတာမျိုးအထိအောင်မြင်ခဲ့ပါတယ် ။ ယခင်က နာမည်ကျော်မင်းသားတစ်ယောက်ရဲ့ ချစ်သူအဖြစ်လူသိများခဲ့တဲ့သူမဟာ အဲဒီအချစ်ရေးကို အဆုံးသတ်ခဲ့ပြီးတဲ့နောက်မှာ အချစ်ရေးနဲ့ ပါတ်သတ်လို့ ပရိတ်သတ်တွေကို တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိတော့ပေမယ့် ချစ်သူရှိနေပြီဆိုတာကိုလည်း ကွယ်ဝှက်မထားခဲ့ပါဘူး ။ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ သူမရဲ့ ချစ်သူနဲ့ အတူ ရိုက်ထားတဲ့ Romantic ဆန်ဆန် ပုံရိပ်လေးကို လူမှုကွန်ယက်မှာ တင်လိုက်တဲ့ အခါမှာတော့ ပရိတ်သတ်တွေက သဘောကျခဲ့ကြပါတယ် ။ 

အချစ်ရေးနဲ့ပါတ်သတ်ပြီး Low Profile ပဲနေချင်တော့တယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးတဲ့ နေခြည်ဦးရဲ့ ချစ်သူက ဘယ်သူလဲဆိုတာကို စိတ်ဝင်တစား သိချင်နေကြတဲ့ ပရိတ်သတ်တွေ အများအပြားရှိနေပေမယ့် နေခြည်ဦးကတော့ သူပြောထားသလိုပဲ သူ့ချစ်သူကို တရားဝင်ထုတ်ပြခြင်းမရှိသေးပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ပရိတ်သတ်တွေကတော့ သူမရဲ့ အချစ်ရေးမှာ ပျော်ရွှင်နေရမယ်ဆိုရင် ဘယ်သူနဲ့မဆို ၀ုိင်းဝမ်းသာပေးကြမယ်ဆိုတာ အသေအချာပါပဲ ... 

သတင်းအရင်းမြစ် Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။