ပရိသတ်အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ဟာသဇာတ်ကားလေးတွေရိုက်ကူးရင်း ပရိသတ်တွေရဲ့အချစ်တွေကို ဖမ်းစားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေက ပရိသတ်တွေကိုဖမ်းစားစေခဲ့တာပါ။

ယခုအခါမှာတော့ သူမရဲ့ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုအပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေတာကတော့အမှန်ပါပဲ ပရိသတ်ကြီးရေ။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ဖြူဖြူထွေး ပြုံးလိုက်တိုင်း ယောကျာၤးလေးတိုင်းရင်မခုန်တဲ့သူမရှိဘူး ဟုတ်တယ်မလာ??အယ်လဲ့"ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံလေးတွေကိုတင်ထားတာပဲဖြစ်ပါတယ်။မြန်မာဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ရိုးရှင်းစွာလှနေတဲ့ သူမရဲ့အလှက တကယ့်ကို ရင်ခုန်နိုင်စရာကောင်းလှပါတယ်။ဖြူဖြူထွေးရဲ့ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြဖို့မမေ့နဲ့အုံးနော်...

သတင်းအရင်းအမြစ်-ဖြူဖြူထွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။