အဝေးလမ်းတွင် ယာဉ်တိမ်းမှောက်မှုများစွာဖြစ်ပွားလေ့ရှိတာ ပရိသတ်တွေလည်းသိမယ်ထင်ပါတယ်။ ဒီကနေ့ မေလ ၂၈ရက်နေ့ အစောပိုင်းတွင်ပဲ ရန်ကုန်- လားရှိုး Express တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ Express ယာဉ်ကတော့ ရန်ကုန်-လားရှိုး ရွှေမန္တလာယာဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်- လားရှိုး မိုင်တိုင် ၁၆/၆မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးရွာ၍ စလစ်ဖြစ်ခဲ့တာလို့ သိရပါတယ်။ 

ကားပေါ်လိုက်ပါလာသော ခရီးသည်များ အသေအပျောက်မရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူမအတော်များများရှိခဲ့တာတွေ့ရပါတယ်။ဒဏ်ရာရရှိခဲ့သော ခရီးသည်များကို JJ Express မှ ယာဉ်အကူများ က ယာဉ်ပေါ်ပါ ဆေးသေတ္တာ ဖြင့် ရှေးဦးသူနာပြု ကူညီပေးခဲ့ကြကြောင်း သိရပါတယ်။ မိုးရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ခရီးသွားများနှင့် ယာဉ်မောင်းသူများ သတိထားမောင်းနှင်ကြဖို့ အသိပေးရင်း မျှဝေပေးလိုက်ပါတယ်။

Photos - Moe Thet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။