နာမည်ကျော် မော်ဒယ်သရုပ်ဆောင် သန္တာဗိုလ်ဟာ တောင်တွင်းကြီးမြို့ကို အနုပညာရှင် မောင်နှမ တွေနဲ့ ရိုက်ကူးရေးရောက်နေတဲ့ သူမရဲ့ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက် စာ မျက်နှာမှာ ဖော်ပြခဲ့ပါတယ် ။ သူမဟာ အကယ်ဒမီ ချောရတနာ ရဲ့ ညီမဖြစ်ပြီး ညီအမနှစ် ယောက်လုံး အနုပညာလောက မှာအောင်မြင်နေတဲ့သူတွေဘဲ ဖြစ်ပါတယ် ။ သူမဟာ မော် ဒယ်သရုပ်ဆောင် ကောင်းပြည့်ရဲ့ချစ်သူဖြစ်ပြီး သူမတို့ ချစ်သူသက်တမ်း ၆နှစ်ကျော်ကာလ ရှိပြီဖြစ်ပါတယ် ။

သူမတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အေးအေး ချမ်းချမ်း နဲ့ သာယာပျော်ရွှင်နေတဲ့အတွက် ပရိသတ်ကြီးကတော့ သူမကိုအားကျနေကြပါတယ် ။ တစ်ယောက်ကိုတစ်ယောက် နားလည် မှုအပြည့်နဲ့တည်ဆောက်ထားတဲ့ သူမတို့ရဲ့ချစ်ခရီးလမ်းက သာယာဖြောင့်ဖြူးနေတဲ့အပြင် အနုပညာလောကမှာလဲ အောင်မြင်နေတဲ့သူမတို့နှစ်ယောက်ကတော့ တကယ်ကို တွဲဖက် ညီညီနဲ့လိုက်ဖက်လွန်းပါတယ် ။

လက်ရှိမှာတော့ သူမဟာတောင်တွင်းကြီးမြို့ကို အနုပညာရှင်မောင်နှ မတွေနဲ့ပျော်ရွှင် စွာရောက်ရှိနေပါတယ် ။ သူမနဲ့အတူ ဟဲလေး ၊ ပိုပို ၊ ဘီလီလမင်းအေး ၊ ခင်ရတနာစိုး ၊ စစ်သွေးတို့နဲ့အတူ ရောက်ရှိနေတာပါ ။ သန္တာဗိုလ်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့တောင်တွင်းကြီးရောက် ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။