အနုပညာလောကရဲ့ နာမည်ကြီးမင်းသား စိုးသူ မင်းသမီး စိုးမြတ်နန္ဒာနဲ့ မခငယ်တို့ သုံးဦးကြားက ဇာတ်လမ်းကတော့ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ။ သမီးလေး Angel အသက်တွေကြီးလာပေမယ့် မပြီးဆုံးသေးတဲ့ သူတို့ရဲ့ ဇာတ်လမ်းက တစ်ဖန်ပြန်လည် စတင်လို့လာတာကိုလည်း တွေ့ရပါတယ်။ တလောက စိုးမြတ်နန္ဒာဟာ ကိုစိုးသူနဲ့ (၅) နှစ်ပြည့် anni ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာကနေကြေညာခဲ့တာကို တွေ့ရပါတယ်။

ဒီလို (၅) နှစ်ပြည့်အတွက် ကိုစိုးသူရဲ့ ဇနီး မခငယ်ကလည်း

"ကိုစိုးသူ ကားဂိုဒေါင်ထဲ ဖုန်းခိုးပြောပြီး သူ့ကိုအဖြေတောင်းခဲ့တာ ၅ နှစ်ပြည့် တဲ့ နေ့ တဲ့ ....

ကြွားချင်လွန်းလို့ မင်းသမီး ညာခဲ့တာတွေ မေ့သွားပုံရတယ်.... ဆဲစေချင်ရင်ဒဲ့ပြော ကျမ က page အတု အကောင့် အတု group chat တို့နဲ့ ပြောတတ်ဘူး...” ဆိုပြီးသူမရဲ့ လူမှုစာမျက်နှာကတဆင့် တုန့်ပြန်ခဲ့ပါတယ်။ 

ဒီပြဿနာကတဆင့် မခငယ်ရဲ့ Fan တွေဟာ စိုးမြတ်နန္ဒာကို ပြောဆိုဝေဖန်မှုအချို့ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဥပဒေအရအရေးယူခြင်းခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး မခငယ်ဟာ (၁၀) မိနစ်နီးပါးရှိတဲ့ live တစ်ခုလွှင့်ခဲ့ပြီး အကြောင်းအရာတွေနဲ့ ဖြစ်စဉ်တွေကို ရှင်းပြခဲ့ပါတယ်။ ကဲ ပရိသတ်ကြီးရေ မခငယ်တစ်ယောက် ဘာတွေပြောထားလည်းဆိုတာ video လေးမှာ ကြည့်ရှုပေးကြပါအုန်းနော်......

Source : Kha Nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။