အီဂျစ်အသင်း အတွက်အကြီးမာဆုံး ဆုံးရှုံးမူကြီး လည်းဖြစ်ပါတယ် ။ ဆာလက်ဟာဆိုရင် အီဂျစ်အသင်းတွင်အားကိုအားထားရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ကမ္ဘာဖလားကိုဒဏ်ရာ ကြောင့်လွဲချော်မူ အတွက်ပရိသတ်များက အပြင်းအထန်ဝေဖန်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။  

ရီးရဲနောက်ခံလူ ရာမိုစ့်နဲ့ ထိခိုက်မိခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ လာမယ့်ကမ္ဘာ့ဖလားနဲ့ လွဲချော်မယ့် အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ပွဲကစားချိန် ၃၁ မိနစ်မှာ ဆာလက်ရဲ့ ထိုးဖောက်မှုကို ရာမိုစ့်တားဆီးရာကနေ မတော်တဆ ထိခိုက်မိခဲ့ပြီးတော့ လူစားလဲခဲ့ရပါတယ်။ဆာလက်ဟာ ကွင်းထဲကနေ ငိုကြွေးပြီးထွက်ခွာသွားသလို ရော်နယ်ဒိုကလည်း လိုက်လံနှစ်သိမ့်ပေးခဲ့ပါတယ်။ဆာလက်ဟာ အခုနှစ်ရာသီမှာ အကောင်းဆုံးခြေစွမ်း ပိုင်ဆိုင်ထားတဲ့အတွက် အသင်းအနေနဲ့ အားကိုးနေသလို နိုင်ငံလက်ရွေးစင်အသင်းအတွက် အားထားရတဲ့ ကစားသမားတဦးဖြစ်နေပါတယ်။

ဆာလက်ရဲ့ ဒဏ်ရာကြောင့် လာမယ့် ကမ္ဘာ့ဖလားဝင်ပြိုင်မယ့် အီဂျစ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ဆာလက် ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်လို့ ဖျက်ထုတ်ခဲ့တဲ့ ရီးရဲလ်နောက်ခံလူ ရာမိုစ့်ကို လီဗာပူးအသင်းပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ဆာလက်လိုပဲ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ကာဗာဟဲလ်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးတော့ လူစားလဲခဲ့ရပါတယ်။

photo scoure: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။