လီဗာပူးနဲ့ ရီးရဲတို့ ချန်ပီယံ လိဒ် ဗိုလ်လုပွဲမှာ ရီးရဲတို့ ၃ -၁ နဲ့ ရီးရဲတို့ အောင်ပွဲ ခံသွားခဲ့ပါတယ်။လီဗာပူးကတော့ ပုံမှန် ခြေစွမ်း မရဘဲ ရှုံးသွားခဲ့ပါတယ်။ပထမအချက်ကတော့ ဆာလက် ဒဏ်ရာကြောင့် ထွက်သွားပြီး ရီးရဲတို့ အသာရသွားခြင်းပဲဖြစ်ပါတယ်။ဆာလက်ကို ရီးရဲ ခေါင်းဆောင် ရာမိုစ်လက်ကို ဆွဲထားသော်လည်း ဒိုင်က လစ်လျူရူခဲ့ ပါတယ်။ ဆာလက် ထွက်သွာချိန်မှာတော့ လီဗာပူးတို့ တိုက်စစ်အားလျော့ သွားခဲ့ပါတယ်။

ဒုတိယ အချက်ကတော့ လီဗာပူး ဂိုးသမားပါ။သူရဲ့ အမှားကြောင့် ရီးရဲတို့ နှစ်ဂိုး ရရှိခဲ့တာပါ။ပထမတစ်ဂိုးနဲ့ တတိယဂိုးတွေက ဂိုးသမားပေါ့လျော့တာကြောင့် ဖြစ်ပါတယ်။အဆိုပါ အချက်က လီဗာပူး ဂိုးသမား အသစ်တစ်ယောက်ထပ် ဝယ်ရမယ်ဆိုတာပြသနေပါတယ်။လီဗာပူးကတော့ ရိုးမားဂိုးသမား အလီဆင် ရီးရဲ ဂိုးသမား နာဗာတ် တို့ကို ပစ်မှတ်ထားနေပါတယ်။လီဗာပူးဂိုးသမားကတော့ သူအမှားကို လီဗာပူးပရိသတ်တွေကို တောင်းပန် သွားခဲ့ပါတယ်။

တတိယအချက်ကတော့ အရန် အင်အားနည်းနေခြင်းပဲ ဖြစ်ပါတယ်။ဆာလက် ထွက်သွာချိန်မှာတော့ လာလယ်နာ ဝင်လာသော်လည်း ဆာလက်နီပါးလောက် ခြေစွမ်းမပြ နိုင်ပါဘူး။နောက်တစ်ချက်က ညာနောက်ခံလူနေရာက အာနိုးပါ။အဆိုပါပွဲ မှာ အာနိုးကထင်သလောက် ခြေစွမ်းမပြနိုင်ပါဘူး။အဆိုပါ အချက်တွေကြောင့် လီဗာပူး အပြောင်းအရွေ့ဈေးကွက်မှာ ကစားသမား ၅ယောက်လောက်အထိ ဝယ်ယူရပါမယ်။လီဗာပူး အပြောင်းအရွေ့ဈေးကွက်မှာ ဘယ်ကစားသမားကို ဝယ်မလဲဆိုတာစောင့်မျော် ကြည့်ရပါမယ်။

PHOTO  :  GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။