ပရိသတ်အချစ်တော် ဘေဘီမောင်ကတော့ တစ်ရက်တစ်ခြားလှလာလို့နေပါတယ်။အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဘေဘီမောင်ကတော့ သူမရဲ့မြန်မာဝတ်စုံလေးနဲ့လှနေတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်။အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့တာ အချိန်တစ်ခုမျှရှိနေပြီး အောင်မြင်မှုတွေကို လည်းပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမကတော့ ချစ်ပရိသတ်ကြီးအတွက် အမြဲလိုလိုသူမရဲ့ လူမုှကွန်ယက်ပေါ်ကနေတစ်ဆင့် စာသားလေးတွေနဲ့ဓာတ်ပုံလေးတွေအမြဲတင်လေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကပရိသတ်ကြီးကိုဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။ယခုအခါမှာလည်း သူမရဲ့ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ဓာတ်ပုံလေးတွေကပရိသတ်ရင်ကိုဖမ်းစားစေနိုင်လောက်ပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"တစ်နေ့ထက် တစ်နေ့ကျမလှအောင်နေတယ် ခန္ဓာထက်အတွင်းထဲကကျမရဲ့စိတ်ကိုပါ"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူမလိုဘဲအတွင်းစိတ်လေးတွေလှလာအောင် နေတက်ဖို့ မမေ့နဲ့အုံးနော်....

သတင်းအရင်းအမြစ်-ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။