လူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ပတ်သက်လာရင်တော်တော်လေး ဂရုစိုက်မှတော်ရာ ကျမှာပါနော်။ လူုတိုင်းမဟုတ်ပေမဲ့ လူတစ်ချို့ခံစားရတဲ့ ဆီးချိုဟာလည်း မဖြစ်ခင်ကြိုတင်ကာကွယ်ထားမှာ ဖြစ်မှာပါ။ ဆီးချိုရှိတဲ့သူတွေဟာ ဘယ်လိုစိတ်ခံစားချက်တွေရှိလဲ ဝေဒနာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားနေရသလဲဆို တာကို တင်ပြသွားမှာဖြစ်ပါတယ်။ 

ဆီးချိုဝေဒနာခံစားရတဲ့ လူတစ်ချို့ကတော့ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီမှု့များတာတွေ၊ အလိုလိုနေရင်း စိုးရိမ်စိတ်များနေ၇တာတွေ၊ ခံစားရနိုင်ပါတယ်။ အဓိကတော့ ဆီးချိုသမားတွေကတော့ စိတ်ကို ပျော်ရွင် အောင်ထားတတ်ဖို့လိုပါတယ်။ဆီးချိုက နှစ်မျိုးရှိတဲ့အတွက် နှစ်မျိုးစလုံးကတော့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲ မှုတွေ ခံစားရမှာဖြစ်ပါတယ်။ ဆီးချိုဖြစ်တဲ့သူတွေကတော့ ဝိတ်တက်တဲ့သူတွေ၊ အထိုင်များတဲ့သူတွေ ဖြစ်တာများပါတယ်။တစ်ခြားအကြောင်းရာတွေကလည်း ဆီးချိုဖြစ်တဲ့အကြောင်းလေးတွေ ရှိပါတယ်။  

ဆီးချိုနှစ်မျိုးမှာတစ်မျိုးကတော့ အစားသောက်ရယ်၊ လေ့ကျင့်ခန်းမလုပ်တာကြောင့်လည်း ဖြစ်တဲ့အခြေ အနေရှိပါတယ်။ဆီးချိုဖြစ်နေပြီးဆိုရင် စိတ်ဓာတ်တွေကျပြီး လူတွေကိုလည်း မိမိဆီးချိုဖြစ်ကြောင်းကို ပြောဖို့ ဝန်လေးတတ်ကြပါတယ်။ ဆီးချိုသမားတွေဟာ အမြင်အာရုံချို့ယွင်းခြင်း၊ နှလုံးရောဂါနဲ့ ၊ခြေလက် ဖြတ်ရတာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်းပြီး စိတ်ဓာတ်ကျတာတွေ ဖြစ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်ခင်ကနေ ကြိုတင်ကာကွယ်ပေးပါလို့ မှာချင်ပါတယ်။ 

Source : ကြေးမုံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။