Single Mother အဖြစ်နဲ့ သားသမီးတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်နေတဲ့ နာမည်ကြီး စူပါ မော် ဒယ် တစ်ယောက် ဖြစ်တဲ့ သန္တာလှိုင်ကတော့ သားသမီးတွေအတွက်တော့ တကယ့် ဟီး ရိုး တစ်ယောက်ပါဘဲ ။ သူမရဲ့ချစ်စရာသမီးလေးကတော့ Sydney မှာ ကျောင်းတက်နေတာ ဖြစ်ပြီး သူမကတော့ မြန်မာနိုင်ငံမှာဘဲ အနုပညာအလုပ်တွေလုပ်နေတာဖြစ်ပါတယ် ။

သူမရဲ့သမီးလေးက Sydney မှာအေးနေပြီဆိုပြီး အနွေးထည်ထူထူဝတ်ထားတဲ့ ပုံတွေကို သူ မကိုပို့ပေးခဲ့တဲ့အတွက် ကမ်းခြေအလွန်ကြိုက်တဲ့ သူမရဲ့သမီးလေးကို စနောက်ချင်လို့ ကမ်းစ ပ်ကသောင်ပြင်ပေါ်မှာ စိုက်ထားတဲ့လှေတစ်စင်းပေါ်တက်ပြီး အပီအပြင်ပဲပေးပြီး ရိုက် ထား တဲ့ ပုံတွေ သူမရဲ့သမီးလေးစီပို့ပြီး စနောက်ခဲ့ပါတယ် ။ သူမရဲ့သမီးကို ပြန်လာချင်  အောင် လုပ်ပြီး ဂျူလိုင်လ အစပိုင်း ကျောင်းပိတ်တာနဲ့ ပြန်လာဖို့ သေချာလားလို့ တစ်ခါထဲမေးပြီး လက်မှတ်စီစဉ်လိုက်တယ် လို့ကလေးတွေနဲ့ ကျောင်းပိတ်ရက်တွေ့ဖို့ ကြိုးစားနေတဲ့ အကြော င်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ် ။

Sydney မှာကျောင်းတက်နေတဲ့သန္တာလှိုင်သမီးလေး
Sydney မှာကျောင်းတက်နေတဲ့သန္တာလှိုင်သမီးလေး

သူမရဲ့သမီးလေးကတော့ သူမစတာကိုမသိဘဲ ဟိုမှာအေးနေတဲ့အချိန် ဒီမှာ လှေ တေစီး ပြီး ပင်လယ်ထဲခရီးထွက်နေတဲ့ သူမကို အားကျပြီးပြန်လာချင်တယ်လို့ပြောခဲ့ပါတယ် ။ သူမရဲ့ သမီးလေး ပြန်လာဖို့လက်မှတ်ဝယ်ပြီးမှ တကယ်ကမ်းခြေကို ခရီးထွက်နေတာမဟုတ်ဘဲ ကမ်းစပ်ကလှေပေါ်တက်ရိုက်ထားတာပါဆိုပြီး ပြောခဲ့တယ်လို့ သူမကရေးသား ထားတာ တွေ့ရပါတယ် ။ သူမရဲ့သမီးလေးကတော့ လူလည်ကျတဲ့ မေမေ သန္တာလှိုင် ရဲ့လှည့် ကွက်တွေထဲမှာ အငိုက်မိသွားဘဲဖြစ်ပါတယ် ။ သူမကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ ကမ်းစပ်မှာ ရိုက်ခဲ့တဲ့ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။