လောပန်းလောင်းအိမ်မက်ထဲက အနိဌာရုံတွေကြောင့် သွေးပျက်ခဲ့ရတဲ့ ဘုဏ်းသိုက်

ဘုဏ်းသိုက် တစ်ယောက် လောဘနွံ ဇာတ်ကားကို ရိုက်ကူးစဉ် မှာ ရုပ်ရှင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေကြောင့် သွေးပျက်ခဲ့ရတယ်လို့ ဆိုပါတယ် ။ ဒီအဖြစ်အပျက်တွေကို မြင်ရတဲ့ ဘုဏ်းသိုက်တစ်ယောက် ဒီမြင်ကွင်းတွေကို ရုပ်ရှင်ဘဲ ဖြစ်လိုက်ပါတော့လို့တောင် ဆုတောင်းမိရတဲ့အထိသွေးပျက်ခြောက်ခြားစရာ မြင်ကွင်းတွေဖြစ်တယ်လို့ ဘုဏ်းသိုက်တစ် ယောက် ကဆိုပါတယ်။ ဒီမြင်ကွင်းတွေကြောင့် ဘုဏ်းသိုက်ရဲ့သရုပ်ဆောင်မှုတွေ ကို တကယ့် ဖြစ်ရပ်နဲ့ တထပ်ထည်း သရုပ်ဆောင်နိုင်အောင် တွန်းပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။



"ညပိုင်းရှုတင်မှာ ရုင်ရိုက် ရိုက်နေတုန်း မီးလောင်နေတဲ့ မြင်ကွင်းကို မြင်နေရတယ်။  အ လုပ်သမားတွေ ဆန္ဒပြတယ်။ မီးတွေ ရှို့ကြ ..။ပစ်ကြ ခတ်ကြ လူတွေ သေတယ်။ အ လောင်းတွေကို မိုးကာစ အပြာကြီးနဲ့ အုပ်ထားရတယ်။နောက်တစ်နေ့ ... ကိုယ်တိုင်  ရေမ ဆေး ဝင်ရှာခဲ့တဲ့ ဝေခါမှော်ပဲ ...အဲဒီလုပ်ကွက်ပဲ ..။အဲဒီချောက်ကြီး ထဲမှာပဲ ...။ကိုယ် ရိုက်ပြီး နောက်နေ့ မြေစာပုံ ပြိုတယ် ။လူတွေ သေတယ်။ရိုက်ကွင်းကို သွားနေတဲ့ လမ်းမှာ.. .ရိုက်ကွင်းမှာ ...မှော်ထဲမှာ ...စစ်နဲ့ ပတ်သတ်တဲ့ သတင်းပဲ ကြားနေရတာ မဟုတ်ဘူး သေနတ်သံတွေလည်း ကြားနေရတာပဲ ..စစ်ကားတွေ သွားနေတာလည်း မြင်နေရတာပဲ ...။အဲဒါတွေက ရုပ်ရှင် မဟုတ်ဘူး..။"လို့ ဆိုလာသူက ဘုဏ်းသိုက်ပါ ။ ဒီလို လောပန် လောင်းတွေရဲ့ အိမ်မက်ထဲက သွေးပျက်စရာ အဖြစ်အပျက်တွေကို မြင်ရတဲ့အခါ ရုပ်ရှင် မဟုတ်တဲ့ အခုလို အနိဋ္ဌာရုံတွေကို မြင်ရတဲ့ အခါရုပ်ရှင် ပဲ ဖြစ်လိုက်ပါတော့လို့ ကလေး ဆန်ဆန် တွေးပစ်လိုက်မိတဲ့ အခိုက်အတန့် ကိုလည်းကိုယ့်ဘာသာ ခွင့်ပြုလိုက်မိပြန် တယ်လို့ လည်း ဆိုပါတယ်။

ဒီလို အဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်ရပြီးနောက် ဇာတ်လမ်းအတွက် တကယ့်ဖြစ်ရပ်အတိုင်း ဇာတ်ကောင်စရိုက်သွင်းပြီးသရုပ်ဆောင်တဲ့ ဘုဏ်းသိုက်ရဲ့ သရုပ်ဆောင်ချက်တွေဟာ ရုပ်ရှင် ဖြစ်သွားပြီး ပိတ်ကားထက်ရောက်တဲ့အခါကျရင်တော့ အတွက်အခုထက် ပိုပြီး ပေါ့ပါးတဲ့ စိတ် တစ်ခုနဲ့ ကျွန်တော်ဟာ အများနဲ့ အတူ ရုံထဲမှာ သက်တောင့်သက်သာ ပြန်ပြီး ကြည့်နိုင်လိမ့်မယ်လို့မျှော်လင့်မိတယ်လို့ သူက ဆိုပါတယ်။ ကျောက်တူးသမားတွေရဲ့ အမြင့်ဆုံးလောပန်လောင်း အိမ်မက်တွေထဲက သွေးပျက်စရာ အနိဌာရုံတွေကို အပြီးတိုင်ချုုပ်ငြိမ်းသွားစေဖို့ ပရိသတ်ကြီးလည်း ဘုဏ်းသိုက် နဲ့အတူ ဆုတောင်းပေးကြပါဦးနော် ။

Source - Hpone Thaik

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။