ဂီတလောကမှာ ပရိသတ်အသိမှတ်ပြုမှုကိုရပြီးအောင်မြင်နေတဲ့ အဆိုတော် ပိုပိုကတော့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့သီဆိုပြီး ပရိသတ်ကိုစီးမောျသွားစေတဲ့ တေးသံရှင် လေး ဘဲဖြစ်ပါတယ် ။ လက်ရှိမှာတော့ သူမက အညာဒေသကို ရောက်ရှိနေပြီး အညာဒေသ ရဲ့ အလှပတွေကို ခံစားနေတာပါ ။

သူမက အညာဒေသဖြစ်တဲ့ ပခုက္ကူ ၊ ညောင်ဦး မြို့ကိုရောက်ရှိနေပြီး " ကျမ လေ အညာ ဒေသ ကို ချစ်တယ် ထန်းပင်တွေကိုချစ်တယ် ပုဂံဘုရားတွေကို မြတ်နိုးတယ် မြန်မာ လူမျိုး တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူမိပါတယ် " လို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေး သား ခဲ့ပါတယ် ။ သူမရဲ့ပရိသတ်တွေကလည်း ချစ်သူမရှိသေးတဲ့သူမကို " အညာကိုချစ်ရင် အညာသားကိုလည်းချစ်ရမယ် " လို့စနောက်ထားတာတွေ့ရပါတယ် ။

ချစ်စရာကောင်းတဲ့ ဖွားပိုလေးကတော့ အညာဒေသရဲ့ ထန်းပင်တွေကြားမှာ ရိုက်ထားတဲ့ ရိုးရိုးလေးနဲ့လှနေတဲ့ ပုံတွေကို လည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ် တွေကိုမျှဝေခဲ့ပါတယ် ။ ဖွားပိုလေးကို ချစ်တဲ့ ပရိသတ်တွေအတွက် အညာဒေသ ကိုချစ်တဲ့ ဖွားပိုရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။