အနည်းဆုံး တစ်နေ့ကို ရေ (၈)ခွက် သောက်ရမယ်လို့ ကြားဖူူးကြမှာပါ။ ရေဆိုတာက ဈေးအသက်သာဆုံး ဆေးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ရေသောက်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိုး များစွာကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ရေသောက်ခြင်းက ဘယ်လို အကျိုးကျေးဇူးတွေ ရလဲ ? ဘာကြောင့် ရေများများ သောက်သင့်သလဲ? ဆိုတာတွေကို သိဖို့အတွက် ရေသောက်ခြင်းရဲ့ ကောင်းကျိုးတွေထဲကို ဝေမျှ ပေးလိုက်ပါတယ်။

၁) မောပန်းမှုကို လျှော့ကျစေတယ်

၂) လန်းဆန်းစေတယ်

၃) ခေါင်းကိုက်ခြင်းကို သက်သာစေတယ်

၄) အစာကြေလွယ်တယ်

၅) ဝမ်းချုပ်မှုကို လျှော့ကျစေတယ်

၆) အဆီပိုတွေကို လောင်ကျွမ်းစေတယ်

၇) အဆိပ် အတောက်ပြေစေတယ်

၈) ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးတယ်

၉) အသားအရေ လှပစေတယ်

၁၀) မအီမသာ ဖြစ်ခြင်းမှ ကင်းဝေးစေတယ်

၁၁) ခံတွင်းနံ့ဆိုးကို ကင်းစေတယ်

၁၂) ဆီးနှင့်ပတ်သက်သော ရောဂါများကို ကာကွယ်ပေးတယ်

၁၃) ကျောက်ကပ် ကောင်းစေတယ်

၁၄) နှလုံးရောဂါကို ကာကွယ်ပေးတယ်

၁၅) ကြွက်သားတွေကို အားကောင်းစေတယ်

ဖော်ပြပါ အကျိုးကျေးဇူးများကို သိရှိပြီးနောက် မကြာခဏ ရေသောက်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။ ပုံမှန်အားဖြင့် ရိုးရိုးရေ (ပုံမှန်ရေ) သောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ရေ မသန့်ဘူးလို့ ယူဆထားရင်တော့ ရေကို ကျိုချက်သောက်သုံး နိုင်ပါတယ်။ ရေကျိုချက်တဲ့အခါ ပထမ ကျိုချက်ပြီးသားရေ ကို နောက်ရက် ထပ်မံ မသောက်ဖို့နှင့် ရေအေးသွားလို့ နောက်ထပ်တစ်ခါ ထပ်မံ မကျိုချက်မိဖို့ကိုတော့ အကြံပေးချင်ပါတယ်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။