လီဗာပူးကစားသမား ဆာလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲခံ ရပါတယ်။ ဆာလာကတော့ မျက်ရည် ကျရက်နဲ့ ကွင်းထဲက ထွက်လာခဲ့ရပါတယ်။။ ဒဏ်ရာ ပြသနာနဲ့ ပတ်သက်ပြီး ဆာလာဟာ ရုရှားကမ္ဘာ့ဖလားနဲ့ လွဲချော်ဖွယ်ရှိနေသည်အထိ ဒဏ်ရာပြင်းထန်တယ်လို့ သတင်းတွေလည်း များစွာ ထွက်ပေါ်ခဲ့ပါတယ်။ပရိသတ်တွေ စိတ်ပူနေတာနဲ့ ပတ်သက်ပြီး ဆာလက် က အခုလို ပြောဆိုထားပါတယ်။

ဆာလက်က " မမေ့နိင်စရာ ညလေး တစ်ညပါပဲ၊ ဒါပေမယ့် ကျွန်တော်က ဖိုက်တာတစ်ယောက်ပါ၊ရုရှား ကမ္ဘာ့ဖလားမှာ အားလုံးဂုဏ်ယူနေရအောင် ကျွန်တော် အသည်းအသန် ကြိုးစား သွားမယ်လို့ ယုံကြည်ပါတယ်၊ ကျွန်တော်အမြန်ဆုံး သက်သာလာစေဖို့ ခင်ဗျားတို့ရဲ့ ချစ်ခြင်း မေတ္တာနဲ့အားပေးထောက်ခံမှုတွေ လိုအပ်ပါတယ် ထိုအရာတွေက ကျွန်တော်ဒဏ်ရာကို သက်သာလာစေမှာပါ" လို့ ဆာလာက ရေးသားခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်ကြောင်း ပြသခဲ့ပါတယ်။ 

ရီးရဲ ကစားသမား ရာမို့စ်က ဆာလက် ဒဏ်ရာရပြီး ထွက်သွားချိန်မှာ ပြုံးနေတာကြောင့် ဆာလက်ကို ရည်ရွယ်ချယ် ရှိရှိ ထိခိုက်အောင် လုပ်တာလို့ ပြောဆိုနေကြပါတယ်။ဆာလက် ဒဏ်ရာရပြီး ထွက်သွားချိန်မှာတော့ လီဗာပူးပရိသတ်တွေ သာမက အီဂျစ်တစ်နိုင်ငံလုံးပါ မျက်ရည်ကျ ခဲ့ရပါတယ်။ဘောလုံးတစ်လောက လုံးကတော့ ဆာလက်တစ်ယောက် ဒဏ်ရာ သက်သာလာပါစေလို့ ဆုတောင်းပေးနေကြပါတယ်။

SOURCE : DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။