အီတလီနိုင်ငံ ရောမမြို့ ဗာတီကန် တွင် ဆင်ရဲနွမ်းပါးသူတွေ အိမ်ယာမဲ့ မသန်းစွမ်းသူတွေ အတွက် လူ(၁၀၀၀)စာ McDonald’s မက်ဒိုနယ် ဆိုင်ကြီးမှာ အခမဲ့ စားသုံးနိုင်ဘို ့စီစဉ်ပေးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

၂၀၁၇ နှစ်စမှာ စတင်တဲ့ ယခု အလှူ ပွဲတော်ကို လုပ်အားခ မယူဘဲ ၀န်ထမ်းတွေကလည်း လာရောက်ကူးညီကြမှာပါ။

ဗာတီကန် ဟာ နိုင်ငံဆင်းရဲနွမ်းပါးနေတာမဟုတ်ပေမယ့် အိမ်ယာမဲ ့ လူတမ်း စားတွေကတော့ ရှိနေတာပါ၊ဆင်းရဲတဲ့နိုင်ငံတွေမှာ ခေတ်ပျက် သူဌေးတွေ အစိုး ရပိုင်း ခေါင်းဆောင် တွေ ဘာသာရေးခေါင်းဆောင်တွေဟာ ကြီးပွားချမ်း သာပြည့်စုံနေပြီး အဆောက် အဦးတွေ ပိုင် ဆိုင်မှုတွေများနေပေမယ့် မရှိဆင်း ရဲသားတွေ အ တွက် အစိုရက- ဘာသာရေးခေါင်းဆောင်တွေက မရှိဆင်းရဲ သားတွေ နံနက် စာစီစဉ်ပေး တဲ့ ဖြစ်ရပ်တွေ မတွေ ့ရမမြင် ရသလောက်ပါ။

မြန်မာနိုင်မှာ တော့ကရင်ပြည်နယ်က သာမညတောင်မှာ နေ ့စဉ် အခမဲ့ သက်သတ်လွတ် ထမင်းဟင်း အလှူ လုပ်ခဲ့တဲ့သာသနာ ့ အာဇာနည် သာမည ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိနယ ဆရာတော်ကြီး ဟာ ထင်ရှားခဲ့ပြီးဆရာတော်ရဲ ့ ကျောင်းပိုင်ငွေနဲ ့ ကရင်ပြည်နယ် နယ်စပ်လမ်းဖေါက်ပေးသွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။