ပရိသတ်အချစ်တော် Beauty Blogger မလေးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးတစ်ယောက် " ရန်သူ " ဆိုတဲ့ဇာတ်ကားကြီးရိုက်ကူးအပြီးမှာတော့ ဒုတိယခြေလှမ်းအနေနဲ့ " ဧည့်သည် " ဆိုတဲ့ဇာတ်ကားကို ထပ်မံရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ သူမရဲ့မေ့ ထားခဲ့တဲ့ အတိတ်ကအကြောင်းအရာတွေနဲ့ တိုက်ဆိုင်ေ်နတယ်လို့ သူမကဆိုပါတယ်။ ခံစား ချက်တွေတိုက်ဆိုင်တဲ့ဇာတ်ကားဖြစ်လို့ Mood အပြည့်နဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။

Beauty Blogger အဖြစ်နဲ့ သူမကိုပရိသတ်တွေက စတင်သတိထားမိခဲ့ပြီး Chilli ဆိုတဲ့သူမရဲ့ Nickname လေးကို fan တွေက ချီချီဆိုပြီး ချစ်စဖွယ်အဖျားစွတ်ခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူမရဲ့အလှအပဆိုင်ရာ Video လေးတွေဟာလည်း အမျိုးသမီးတွေအတွက် အတော်လေး အသုံးဝင်တာမို့ မိန်းကလေးအများစုရဲ့ Idol လည်းဖြစ်ပါတယ်။

လက်ရှိမှာတော့သူမက " ဧည့်သည် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်ကားနဲ့ပက်သက်ပြီး " ဇာတ်လမ်းဖတ်နေတုန်းကို အတိတ်က ဝိဉာဉ်ဝင်ပူးလိုက်သလို ဘဲ။ မေ့ဖို့ ကြိုးစားထားတဲ့ အတိတ်ကို ပြန်သရုပ်ဖော်ရမယ်တဲ့... ဪ.... ဧည့်သည် " ဆိုပြီး သူမရဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။ ချီချီ့ရဲ့ခံစားချက်တွေနဲ့ တိုက်ဆိုင်နေတဲ့ ဇာတ်ကားလေးကတော့ စိတ်ဝင်စားစရာပဲနော် ပရိသတ်ကြီး။

Photo - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။