ယနေ့ခေတ်တွင် သွေးတိုး ရှိ၊ မရှိ သိနိုင်သော (သို့) တိုင်းတာနိုင်သော Digital သွေးပေါင်ချိန်တိုင်း ကိရိယာများ ရှိနေပြီ ဖြစ်ပါတယ်။ သွေးပေါင်ချိန် ကိရိယာများကို ဆရာဝန်မှ သုံးရတာမျိုး မဟုတ်ဘဲ အိမ်တိုင်းနီးပါ ဆောင်ထားသင့်ပါတယ်။ သွေးတိုးရောဂါက ဂရုစိုက်သင့်သော ရောဂါတစ်မျိုး ဖြစ်တာကြောင့် ထိုရောဂါကို ပေါ့ပေါ့တန်တန်ထားလျှင် ဒုက္ခတွေ့နိုင်ပါတယ်။ သွေးတိုးစဝင်လာပြီဆိုလျှင် နေ့စဉ် အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်သင့်ပါတယ်။ ဒ့ါကြောင့် ကိုယ့်မှာ သွေးတိုးရောဂါ ရှိ၊ မရှိ မဖြစ်မနေ သင့်ထားသင့်ပါတယ်။

သွေးတိုးရောဂါ ရှိ၊ မရှိ ကိုယ်တိုင် သိနိုင်သော အချက်များမှာ -

(၁) ဦးခေါင်း၊ နောက်စေ့နားမှ ခေါင်းကိုက်ခြင်း

(၂) လေပွပြီး အစာမကြေဖြစ်ခြင်း

(၃) ပုံမှန် ဝမ်းမသွားခြင်း ဝမ်းချုပ်ခြင်း

(၄) အိပ်ချင် ငိုက်မျဉ်းခြင်း၊ သမ်းဝေခြင်း

(၅) မျက်စိနီခြင်း၊ မျက်ရည်ပူကျခြင်း

(၆) ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှု မဝခြင်း

(၇) ဆီးသွားခြင်း ပုံမှန်မဟုတ်ခြင်း၊ ဆီးအမြုပ်ထခြင်း

(၈) ကိုယ်ဟန် မမှန်ခြင်း၊ ဒယိမ်းဒယိုင် ဖြစ်ခြင်း

(၉) သတိလစ်ခြင်း၊ အသိစိတ်လွတ်ခြင်း

(၁၀) စကားအသံ မမှန်ခြင်း၊ လျှာလေးခြင်း

ဒီလို ဝေဒနာတွေ ခံစားရတဲ့အခါ သွေးပေါင်ချိန် စစ်ဆေးသင့်ပါတယ်။ သွေးပေါင် အလွန်တက်နေပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သွားသင့်ပါတယ်။ အချိန်နောက်ကျပါက သွေးဖိအားကြောင့် ဦးနှောက် သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်း၊ အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါကို သက်သာစေနိုင်သော နည်းလမ်းများနှင့် ကုထုံးများကတော့ -

- နွေးထွေးအောင်နေခြင်း၊ အနားယူခြင်း၊ အစာကြေဆေးစားခြင်း စသည်ဖြင့်လည်း သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

- ပုံမှန် ဝမ်းသွားအောင် အသီးအနှံများများစားခြင်း၊ လမ်းလျှောက်ခြင်း၊ ဝမ်းပျော့ဆေးစားခြင်း စသည်ဖြင့်လည်း သွေးတိုးရောဂါမှ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့ သွေးကြောကျဉ်းခြင်း၊ သွေးခဲပိတ်ဆို့ခြင်း နှင့် နှလုံး ထိခိုက်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ ဒ့ါကြောင့် ဆရာဝန်နှင့် ပြသ တိုင်ပင်ပြီး ဂရုတစိုက် ဆေးသောက် ကုသ သင့်ပါတယ်။ ထို့အပြင် သွေးဖိအား အလွန်တက်ပြီး ရုတ်တရက် လေဖြတ်နိုင်သော အဆင့်၊ ဦးနှောက်သွေးကြောပေါက်ခြင်းအထိ ဖြစ်နိုင်သဖြင့် သွေးကျဆေးများကို မိမိစိတ်ကြိုက်ဝယ်ယူခြင်း၊ မိတ်ဆွေများမှ တိုက်တွန်းညွှန်ကြားခြင်း၊ ကြော်ငြာဖတ်၍ ဝယ်ယူသုံးစွဲခြင်းထက် ဆရာဝန်၊ သမားတော်များနှင့်သာ သေချာစွာစမ်းသပ်ပြီး ဆေးကုသ သင့်ပါတယ်။ သွေးတိုးရောဂါနှင့် ပတ်သက်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း သွေးကျဆေးမှန်မှန်သောက်ခြင်း၊ သွေးပေါင်းချိန်တိုင်း ကိရိယာဖြင့် နေ့စဉ် သွေးပေါင်ချိန် စစ်ဆေးပေးခြင်းဖြင့် အသက်အန္တရယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်နိုင်ကြပါစေ ရှင်။

သတင်းအရင်းအမြစ် - ကြည်လွင်မြင့်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။