နာမည်ကြီး Nokia ကုမ္ပဏီကတော့ သူတို့ အသစ်ထုတ်လုပ်လိုက်တဲ့ Nokia X6 ဟာ ဈေးကွက်မှာ မျက်နှာပန်းလှခဲ့တယ်လို့ ပြောရမှာပါ။ ဒုတိယအကြီမ်အဖြစ် မေလ ၂၅ ရက်နေ့က စတင်ရောင်းချပေးခဲ့တဲ့ Nokia X6 ဟာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ရောင်းကုန်ခဲ့ပါတယ်။ စတင်ရောင်းမချခင်ရက်တွေမှာ အမှာစာပေါင်း ၇သောင်းကျော် လက်ခံရရှိခဲ့ပြီး စတင်ရောင်းချတဲ့ ရက်မှာတော့ စက္ကန့်ပိုင်းလေးအတွင်းမှာ ပင်ရောင်းကုန်ခဲ့ပါတယ်။

Nokia X6 မှာတော့ ၅.၈ လက်မ FHD+ (1080x2280p) Display တပ်ဆင်ထားပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ Nokia ရဲ့ Notch ပါတဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်လာပါတယ်။ Notch မှာ Face Unlock ပါတဲ့ 16MP Camera တစ်လုံးကိုလည်း တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16MP နဲ့ 5MP Camera ၂ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာများက ဉာဏ်ရည်တု နည်းပညာကို အသုံးပြု၍ Portrait Mode, Face Recognition , Dynamic Expression , Filters များကို ကောင်းမွန်စေပါတယ်။ စွမ်းရည်သင့် Snapdragon 636 Chipset ထည့်သွင်းထားပါတယ်။  

Quick Charge 3.0 ပါတဲ့ 3060mAh Battery ပါပါတယ်။ Android 8.1 Oreo ထည့်သွင်းထားပြီး နောက်ပိုင်းမှာ Android P ကို ရမှာပါ။ အရောင်အနေနဲ့ကတော့ အပြာ၊ အနက်နဲ့ ငွေရောင်များ ရွေးချယ်နိုင်ပါတယ်။ 4GB/32GB ကို ၂၀၄ ဒေါ်လာ၊ 4GB/64GB ကို ၂၃၆ ဒေါ်လာ၊ 6GB/64GB ကို ၂၆၆ ဒေါ်လာ သတ်မှတ် ထားပါတယ်။ လတ်တလောမှာတော့ တရုတ်နိုင်ငံ တွင်ရောင်းချပေးနေပြီး ကျန်နိုင်ငံတွေကိုတော့ ရောင်းချမည့်ရက်ကို မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။ 

Source  : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။