လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းခံရတဲ့ ဆယ်လီတွေထဲမှာ အနုပညာ အသိုင်းဝိုင်းနဲ့ ထိတွေ့နေတဲ့ မိတ်ကပ်ပညာရှင်တွေလည်း ပါဝင်ပါတယ် ။ ပရိသတ် အာရုံ စိုက်ခြင်းခံရတဲ့ နာမည်ကြီးမိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ဟာ မိတ်ကပ် ပြင် ဆင်မှုနဲ့ပတ်သက်ပြီး မိန်းကလေးတွေကြား ရေပန်းစားနေသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူမှုကွန်ယက်မှာ ဟာသ ဗီဒီယိုလေးတွေ တင်ရင်း ပရိသတ်အချစ်ပိုခဲ့ ရတဲ့သူလည်း ဖြစ် ပါတယ် ။

သူမချစ်သူ zippy နဲ့သူမဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတယ်ဆိုပြီး လူမှုကွန်ယက်မှာရေပန်းစားခဲ့တဲ့ LGBT စုံတွဲတစ်တွဲဖြစ်ပါတယ် ။ အခုလက်ရှိမှာတော့

" ကိုကြီး အိမ်ပြန်မလာတာ ၄လရှီပါပြီ ဖုန်းရောဖေ့ဘုတ်ရောဘလော့ထား လို့   မက်ဆေ့ကနေ ပဲ စိတ်စိုးပြေအောင်ချော့ခဲ့ပါတယ်

သုသု ဘက်က အကြီးမို့လူသိထားလို့ အရှက်မကွဲ ချင်လို့

သည်းညည်းခံစောင့်ခဲ့ပါတယ်

သူ့ရဲ့ဖောက်ပြန်တဲ့ ဒဏ်တွေလဲ သုသု မခံနိုင်တော့ပါဘူး

မနေ့ည ကိစ္စ ပတ်သတ် လို့ ခွင့်မလွတ်နိုင်တော့ပါဘူး

ကိုကြီးနဲ့ ပတ်သတ်တဲ့ ကိစ္စ မှန်သမျှ ကျမ နဲ့ မသက်ဆိုင်တော့ပါကြောင်း သိစေအပ်ပါသည်

ကျမ ချစ်ပင်မဲ့ လည်း ဖောက်ပြန်တဲ့ဒဏ်မခံနိုင်လို့ လမ်းခွဲ လိုက်ပါပြီ " " လို့သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ် ။

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ သူမတို့စုံတွဲဟာ အခုတော့ လမ်းခွဲပြတ်ဆဲ ခဲ့ ကြပြီလို့သိရပါတယ် ။ အမြဲပရိသတ်တွေကို ပျော်ရွှင်စေပြီး ပျော်ပျော်နေတတ်တဲ့ သုသုတစ် ယောက် အချစ်ရေးမှာတော့ ကံမကောင်းခဲ့ပါဘူး ။ သုသု ကိုချစ်တဲ့ပရိသတ်ကြီးလဲ သူမကို အားပေးလိုက်ကြပါဦးနော် ။

Source : Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။