သရုပ်ဆောင်နိုင်လူကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်ပါး ဇာတ်ကြမ်း၊ဗီလိန်ဇာတ်ရုပ်တွေနဲ့ အသားကျနေတဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။လူဆိုး၊ဗီလိန်၊ မိုက်တိမိုက်ကန်းဇာတ်ရုပ်တွေဟာ တကယ့်ကို လူမုန်းများတဲ့ ဇာတ်ရုပ်တွေဖြစ်ပေမယ့်လည်း ရုပ်ရှင်ပိတ်ကား ပေါ်မှာ သဘာဝကျအောင် အပီပြင်ဆုံး သရုပ်ဆောင်ပြီး အနုပညာကိုတင်ဆက်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ရုပ်ရှင်ပိတ်ကား ပေါ်မှာ ပရိသတ်မုန်းတဲ့ဇာတ်ရုပ်တွေကို အပီပြင်ဆုံးသရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ ဘုရားတရားကိုင်း ရှိုင်းပြီး မိသားစုအပေါ်ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။  

နိုင်လူကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ ဝါသနာပါရာအနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ဘဝကိုပျော် ရွှင်စွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။နိုင်လူရဲ့ချစ်စရာသမီးလေးတွေထဲမှာတော့ အငယ်ဆုံးသမီးလေးဖြစ်တဲ့ ခေတ်ဆည်းဆာလေးကို ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ၀၀ကစ်ကစ်လေး ချစ်သမီးလေးကတော့ အရုပ်မလေးတစ်ရုပ်လိုချစ်ဖို့ကောင်းတာကြောင့် ဖေဖေနိုင်လူရဲ့ အချစ်တော်လေး ဖြစ်သလို ပရိသတ်တွေလည်း အရမ်းကိုချစ်နေရတာပဲ ဖြစ်ပါတယ်။  

ဖေဖေနိုင်လူရဲ့လူမှုကွန်ယက်မှာလည်း သမီးလေးရဲ့ ချစ်စရာဓာတ်ပုံလေးတွေနဲ့ ပြည့်နှက်နေပြီး မကြာခဏ ပရိသတ်တွေကိုသမီးလေးရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ထုတ်ပြလေ့ရှိပါတယ်။ဒီနေ့မှာလည်း သမီးလေးခေတ်ဆည်းဆာလေးရဲ့ချစ်စရာပုံရိပ်လေးတွေထပ်မံမျှဝေပေးလိုက်ပြန်ပါတယ်။ပါးဖောင်းဖောင်း၊မျက်လုံးအဝိုင်းသားလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရဲ့နှလုံးသားတွေကို သိမ်းပိုက်သွားပြီ ပဲဖြစ်ပါတယ်။ပရိသတ်တွေအတွက်ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေမျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နိုင်လူ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။