ဒီဒီတစ်ယောက် ပရိသတ်တွေ မထင်မှတ်တာတွေကိုမှ တမင်တကာလုပ်ပြနေသလိုပါဘဲ။ အခုတစ်ခေါက်လည်းမထင်မှတ်တာတွေကို ဒေါ်ရွှေဒီးဒီတစ်ယောက် လုပ်ချလိုက်ပြန်ပါပြီ ။ MC အစင်လေးတစ်ယောက်နဲ့ အင်တာဗျူးနေတဲ့ အကြောင်း ကို ပြန်လည်မျှဝေပေးလိုက်တာပါ။

MC ကိုကို အစင်လေးနဲ့ မေးမြန်းဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ဟာသနှောပြီးအခုလိုရေးထားလေရဲ့ ......" Mc. အမလတ်တလောအနုပညာလူပ်ရှားမှူ့လေး  ၊  Me. အမအနေနဲ့လောလောဆယ် #BMA music awards မှာဖျော်ဖြေထားတယ် ပီးတော့ဆုတံဆိပ်လဲရရှိထားတယ်ပေါ့နော် အင်းပီးတော့ #Holliwood မှာလဲ ကမ်းလှမ်းထားတဲ့ရုပ်ရှင်တွေအတွက်တော့ အမဇာတ်ရွေးနေတုန်းတစ်ကိုယ်တော်ပွဲအတွက်ကတော်အချိန်နည်းနည်းယူပီးလေ့ကျင်နေတယ်လေ အဆိုပိုင်းရော bodyပိုင်းအတွက်ရောပေါ့" တဲ့ ဘယ်လောက် လူချစ်စရာဖြစ်အောင်လုပ်တတ်တဲ့ ဒီးဒီလည်းနော်။ ဒီချစ်စရာကောင်းတဲ့ပုံလေးကိုဘဲ INstagram မှာလည်းတင်ခဲ့တာကို တွေ့ရပါသေးတယ်။

အားလုံးက ဟယ်ခလနဲ ဟာခနဲဖြစ်သွားတဲ့ MC ကိုကို အစင်လေးကတော့ ဒီးဒီ ရဲ့ ချစ်သော ကိုသီဟလွင်ဘဲဖြစ်ပါတယ်ပရိသတ်ကြီးရယ်။ ဘယ်ကနေဘယ်လိုမိုက်ကြီးရသွားတယ်မသိဘူးနော်၊ ကိုသီဟတစ်ယောက် က MC လိုဘဲမိုက်ကြီးထိုးပြီးဗျူးနေတော့တာ ....။ ဒီချစ်စရာ မြင်ကွင်းလေးကို တခြားပရိသတ်တွေ ကြည်နူးဖို့ မျှဝေပေးလိုက်ပါဦးနော်။

Source - Sandy Myint Lwin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။