သင့်ကိုထားခဲ့ပြီးထွက်သွားတဲ့ ချစ်သူအတွက်သင် နာနာကျင်ကျင် ခံစားခဲ့ဖူးမှာပါ ။ သင်ခံစား ချက်တွေ အနည်ထိုင်သွားတဲ့အချိန်မှာ သူရော သင်နဲ့လမ်းခွဲခဲ့ရလို့ နောင်တရနေ မလားလို့ သိချင်တဲ့စိတ်လည်း ဖြစ်ခဲ့ဖူးမှာပါ ။ ဒါဆို ဘယ်လိုအချက်တွေက သူနောင်တနေ ကြောင်းသိသာစေလဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

(၁) သူ့မှာချစ်သူမရှိသေးဘူး ။

သူက သင်နဲ့လမ်းခွဲပြီး အချိန်အတော်ကြာတဲ့ထိ နောက်ထပ်လက်တွဲဖော် မရှိသေးဘူး ဆို ရင်တော့ သူ့ရင်ထဲမှာ သင့်အတွက် နေရာတစ်နေရာရှိနေသေးတယ်လို့ယူဆလို့ရပါတယ် ။

(၂) သင်နဲ့အတူရှိခဲ့တဲ့အမှတ်တရတွေ သိမ်းထားတုန်းဘဲ ။

သင်နဲ့တွဲနေတဲ့အချိန်တုန်းက သင်ပေးခဲ့တဲ့ အမှတ်တရပစ္စည်းတွေ ၊ သင်နဲ့နှစ်ယောက် တွဲပုံတွေ ၊ အခုချိန်ထိ သူမဖျက်ပစ်သေးဘဲ၊ မလွှင့်ပစ်သေးဘဲ သိမ်းထားသေးတယ်ဆိုရင် သင်နဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေကို ခုချိန်ထိ မမေ့နိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ။

(၃) သင်ဘာတွေလုပ်နေလဲ စုံစမ်းနေဆဲဘဲ ။

သင်ဘယ်သူနဲ့ တွဲနေလဲ ? သင် ဘာတွေလုပ်နေလဲ ? ဆိုတာကို facebook ကနေ ခိုးကြည့် နေတာမျိုး သူငယ်ချင်းတွေကို မေးမြန်းနေတုန်း ဘဲဆိုရင်တော့ သူရင်ထဲမှာ သင်ရှိနေတုန်း ပါဘဲ ။ သူငယ်ချင်းတွေနဲ့တွေ့တိုင်း " ဟိုတစ်ယောက် ဘာတွေလုပ်နေလဲ အဆင်ပြေရဲ့လား " ဆိုတဲ့မေးခွန်းမျိုးမေးနေတုန်းဘဲဆိုရင်တော့ သေချာနေပါပြီ ။

(၄) လူမှုကွန်ယက်စာမျက်နှာကနေ Feel မယ် ။

Facebook လို သင်အလွယ်တကူမြင်နိုင်တဲ့ လူမှုကွန်ယက်စာမျက်နှာကနေ သင်မြင် အောင် သူခံစားနေရကြောင်းတွေတင်မယ် ။ သင် Block ထားရင်တောင် သင့်သူငယ် ချင်း တွေဆီက တစ်ဆင့် သင့်နားထဲပြန်ရောက်အောင် ကြိုးစားနေခြင်းဖြစ်ပါတယ် ။ ဒါဆိုရင်တော့ သူနောင်တရနေတာ သေချာပါပြီ ။

(၅) အရက်မူးရင် ဖုန်းခေါ်တယ် ။

" အရက်မူးရင် ကျွဲခိုးပေါ် " ဆိုတဲ့ စကားပုံအတိုင်းဘဲ မူးလာရင် ခံစားချက်အမှန်တွေ ပွင့်အံ လာတတ်တာ သဘာဝပါဘဲ ။ အရက်မူးလာတဲ့ အချိန် သင့်ကို ဖုန်းခေါ်ပြီး သူခံစားနေ ရတာ တွေကို ရင်ဖွင့်လာပါလိမ့်မယ် ။ ဘယ်လောက်မူးမူး သတိရခြင်းတွေဟာတော့ လူမမှား တတ်ပါဘူး ။ သူ သင်နဲ့လမ်းခွဲလိုက်ရလို့ ဘယ်လောက်နောင်တရနေပါတယ်ဆိုတာမျိုး ရင်ဖွင့်ပြောလာရင်တော့ ဒီထက်သေချာတာမရှိတော့ပါဘူး ။ သူအကြီးအကျယ်နောင်တ ရနေပါပြီ ။

Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။