ရွှေကစ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အားလုံးရဲ့အချစ်တော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အလန်းစားဖက်ရှင်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားလိုက်ပြန်ပါပြီ..။

ရွှေကစ်လေးကတော့ “ဥပါယ်တံမျဉ်” ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲရောက်လာတဲ့ သရုပ်ဆောင်ဇဏ်ခီတို့ဇနီးမောင်နှံနဲ့အတူ စင်္ကာပူနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ Hugo Boss ရဲ့ဆိုင်ဖွင့်ပွဲ အခမ်းအနားလေးကို တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

Hugo Boss ဆိုင်ဖွင့်ပွဲမှာ ယုံကြည်မှုရှိရှိနဲ့ ကြွကြွရွရွလေးလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကိုချစ်စဖွယ်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတာမို့ တွေ့မြင်သူပရိသတ်တွေရဲ့ အမြင်တွေကို ဖမ်းစားလိုက်တာ ဖြစ်ပါတယ်..။

ကြွေရုပ်လေးလို ကြွကြွလေးလှနေတဲ့ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေကအတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

အဲ့ဒီဆိုင်ဖွင့်ပွဲအခမ်းအနားလေးကိုတော့ မင်းသမီးချောလေးဝတ်မှုံရွှေရည်နဲ့ ဇဏ်ခီတို့ဇနီးမောင်နှံတို့အပြင် အခြားနိုင်ငံခြားအနုပညာရှင်များလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

ဆွဲဆောင်မှုရှိရှိလှနေပြီး ဖက်ရှင်ကျကျချစ်ဖို့ကောင်းနေတဲ့ ရွှေကစ်လေးရဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ရွှေကစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။