တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုတာ အမျိုးသား အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်က လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိနေစေဖို့အတွက် ကိုယ်ခန္ဓာသန့်ရှင်းနေစေရုံသာမက မျက်နှာအသားအရေ ကြည်လင်သန့်ရှင်း နေဖို့ကလည်း အရေးကြီးလှပါတယ်။ မျက်နှာက အသားအရေ ကျန်းမာဖို့အတွက်ဆိုရင်တော့ မိမိအသားအရေနဲ့ကိုက်ညီတဲ့ မျက်နှာသစ်ကို ရွေးချယ်ပြီး နည်းမှန်လမ်းမှန်နဲ့ အသုံးပြုတတ်ဖို့က အဓိကကျပါတယ်။

မျက်နှာသစ်တယ်ဆိုတာက နေ့တစ်ဓူဝ လှုပ်ရှားသွားလာမှုတွေကြောင့် ထိတွေ့တင်ကျန်နေမယ့် ပတ်ဝန်းကျင်က ဖုန်မှုန့်၊ အဆီ၊ အညစ်အကြေးတွေနဲ့ ထိတွေ့တာတွေကို ဖယ်ရှားသန့်စင်စေဖို့အတွက်ပါ။ ဒါပေမဲ့ မျက်နှာသစ်တဲ့အခါ မှားယွင်းတဲ့နည်းလမ်းတွေက သင့်ရဲ့မျက်နှာအသားအရေကို ကြမ်းတမ်းထိခိုက်စေနိုင်ပါတယ်။ လူအများစုက မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆပ်ပြာကို မျက်နှာပေါ်တိုက်ရိုက်တင်ကာ အချိန်အတော်ကြာ ပွတ်တိုက်ပြီး သစ်လေ့ရှိကြပါတယ်။ ဒီလိုမျက်နှာသစ်ရင် ပိုဖြူပြီး ပိုသန့်စင်မယ်လို့ ထင်နေတယ်ဆိုရင်တော့ လုံးဝကို မှားယွင်းနေပါတယ်။ ဒီအလေ့အကျင့်က မျက်နှာအသားအရေကို ပိုမိုခြောက်သွေ့စေပြီး ကြမ်းလာစေနိုင်ပါတယ်။

ဒါ့ကြောင့် မျက်နှာသစ်တော့မယ်ဆိုရင် အမြှပ်များများထွက်ပြီး အရေပြားအတွင်းပိုင်းထိ ထိထိရောက်ရောက် သန့်စင်ပေးနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် မျက်နှာအစိုဓာတ်ကို ဖြည့်ပေးပြီး အဆီပြန်တာကိုထိန်းသိမ်းပေးမယ့် မျက်နှာသစ်မျိုး ဖြစ်ဖို့လည်း အရေးကြီးပြန်ပါတယ်။ ဒီလိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် NIVEA ကနေ whip foam မျက်နှာသစ်ကို ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

NIVEA Whip မျက်နှာသစ်မှာဆိုရင်တော့ နူးညံ့တဲ့ အမြှပ်နုနုလေးတွေကြောင့် အားစိုက်ပွတ်တိုက်စရာ မလိုပဲ မျက်နှာအတွင်းပိုင်းထိ သန့်စင်ပေးနိုင်တဲ့အပြင် အသားအရေကိုလည်း အစိုဓာတ်၃ဆ ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် ပုလဲအဆီအနှစ်ပါဝင်တဲ့အတွက် မျက်နှာအသားအရေကို ဖြူဝင်းစေတဲ့အပြင် အဆီပြန်ခြင်းကို ထိန်းသိမ့်ပေးမယ့် Carnitine လည်း ပါဝင်တာမို့ တစ်ဗူးတည်းနဲ့ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်မှာပါ။ နူးညံ့ဖြူစင်ဝင်းပတဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်နိုုင်ဖိုု့ဆိုရင်တော့ ဒီလိုမျက်နှာသစ်မျိုးက အသင့်တော်ဆုံးဖြစ်မှာပါနော်။

ပိုမိုလေ့လာနိုင်ရန် - https://www.facebook.com/NIVEA-533291480215104/  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။