နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် မနေ့က သူမရဲ့ 34 နှစ်ပြည့်မွေးနေ့လေးကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရ တွေကို fan တွေနဲ့အတူ ဖန်တီးခဲ့ပြီး သူမအတွက် သုဝဏ္ဏမီးပွိုင့် Billboard ထောင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ ကြတာပဲဖြစ်ပါတယ်။ တကယ့်ကိုအမှတ်တရဖြစ်စရာမွေးနေ့ပွဲလေး ပါပဲ။

ငယ်ရွယ်စဉ်မှာအမဖြစ်သူနဲ့အတူ အနုပညာလောကထဲမှာ အတူတူကျင်လည်ခဲ့ကြပြီး ခေတ္တအနားယူထားရာက လက်ရှိအသက်သုံးဆယ်ကျော် အရွယ်မှာပြန်လည် ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေနဲ့ ပုရိသတွေကို အပြတ်အသတ်ဖမ်းစားနိုင်ခဲ့တာ ပဲဖြစ်ပါ တယ်။ " ရွှေလွန်းသံ " ဆိုတဲ့ ပိုးထည်ဆိုင်လေးကို လည်း ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။

သူမရဲ့အသက် 34 နှစ်ဆိုတာကို ဝေဖန်သူတစ်ချို့ရှိနေတာကြောင့် သူမက အဖေရဲ့အသက် အမေရဲ့အသက်နဲ့ သူမရဲ့အသက်တို့ကိုယှဉ်ပြီး စာလေးတင်ခဲ့တာပဲဖြစ်ပါတယ်။ အသက်ငါး ဆယ်ကျော်ဝန်းကျင်သာရှိသေးတဲ့မိဘတွေဖြစ်ကြပါတယ်။ ဒီစာလေးတင်ပြီးသိပ်မကြာခင် မှာပဲ သူမကပြန်လည် Delete လုပ်ခဲ့ပါတယ်။ သူမရဲ့မွေးနေ့အမှတ်တရ မြန်မာဆန်ဆန် ပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။