ပရိသတ်ကြီးရေ ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အရုပ်တွေထဲမှာ နံပါတ်တစ်နေရာကို ရရှိထားတဲ့ အရုပ်ကလေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီအရုပ်ကလေးရဲ့ နာမည်ကတော့ Annabelle ဖြစ်ပြီး သူ့အကြောင်းကို ရုပ်ရှင်တော်တော်များများမှာ ရိုက်ကူးထားတာကို တွေ့ရမှာပါ။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ဒီအရုပ်ကလေး ဖြစ်တည်လာခဲ့ရပုံလေးပဲ ဖြစ်ပါတယ်။

၁၉၇၀ခုနှစ်တုန်းက Donna ဆိုတဲ့ ကောင်မလေးကို သူ့အမေက မွေးနေ့လက်ဆောင်အဖြစ် Annabelle ဆိုတဲ့ အရုပ်ကလေးကို ဝယ်ယူပေးခဲ့ပါတယ်။ အရုပ်လေးကို စတင်တွေ့လိုက်တော့ Donna ဟာ အမှုမဲ့ အမှတ်မဲ့ပဲ အဝတ်ဗီဒီယိုထဲ ထည့်ထားလိုက်ပါတယ်။ ရက်အတော်အကြာမှာတော့ Donna နဲ့ တစ်ခန်းတည်းအတူနေတဲ့ Angie တို့ဟာ အရုပ်ကလေးရဲ့ ထူးဆန်းမှုတွေကို များစွာ ကြုံတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ လူကို အန္တရာယ်ပေးနိုင်တဲ့ အထိ ဖြစ်ခဲ့တဲ့ အတွက် သူမတို့ကိုးကွယ်နေတဲ့ ဖာသာဆီကို အကူညီတောင်းခဲ့ပါတယ်။ 

ဖာသာကလည်း Warren တို့ လင်မယားနှစ်ယောက်ကိုအကြောင်းကြားပြီးခေါ်လိုက်ပါတယ်။ သူတို့လင်မယားနှစ်ယောက်ဟာ Donna ဆီကနေ ထိုအရုပ်လေးကို ပေးဖို့ ခွင့်တောင်းခဲ့ပြီး အထူးစီမံထားတဲ့ မှန်သေတ္တာထဲမှာ ယနေ့အချိန်ထိထည့်သွင်းထားလိုက်ပါတော့တယ်။ ယခုဖော်ပြထားတဲ့ Annabelle ရဲ့ အကြောင်းဟာ သူ့ရဲ့ အကြောင်းကို အကျဉ်းချုပ်ပြီး ပရိသတ်ကြီး မပျင်းရအောင်ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။ ဒီထက်ပိုမို သိချင်တဲ့ သူ့အကြောင်းအပြည့်အစုံရေးထားတဲ့ Linkလေးပါ အောက်မှာ ပေးထားပါတယ်နော်။

Source : Freaked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။