နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်ရဲလင်းတစ်ယောက် " မတစ်ထောင် တစ်ကောင်ဘွား " ရုပ်ရှင်ဇာတ်ကား လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တာပဲဖြစ်ပါ တယ်။ ပရိသတ်တွေနဲ့ အမှတ်တရလက်မှတ်ရေးထိုးခဲ့ပြီး ဓာတ်ပုံတွေရိုက်ကူးခဲ့တာပဲဖြစ်ပါ တယ်။ အောင်မြင်တဲ့ မင်းသားတစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက် လှမ်းခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။

အရင်ကနဲ့မတူတဲ့ အလန်းစားပုံစံတစ်ခုကိုပြောင်းလဲလိုက်ပြီးနောက် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံမှုကို ပိုမိုရရှိခဲ့တာပဲဖြစ်ပါတယ်။ Cute ဖြစ်တဲ့ ပုံစံကနေ Gentleman ဆန်တဲ့ အမိုက် စားပုံစံတစ်ခုကိုပြောင်းလဲလိုက်တာဖြစ်ပြီး အရမ်းကိုကြည့်ကောင်းလွန်းတဲ့ မင်းသားတစ်လက် အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုပိုမိုခိုင်မာလာတာပဲဖြစ်ပါတယ်။

မနေ့က ရုပ်ရှင်ဇာတ်ကားလက်မှတ်ထိုးပွဲကိုတက်ရောက်လာတဲ့ အောင်ရဲလင်းရဲ့အမိုက်စားပုံရိပ်တွေက တကယ်ကိုကြွေချင်စရာပါပဲ။ ယောကျာ်းပီသပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်လာတဲ့ မင်းသားအောင်ရဲလင်းရဲ့ ပွဲတက်ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။