မန္တလေးမြို့ရဲ့ လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးအနောက်မုဒ် စစ်ကိုင်းမန္တလေး ပေါ်က ရွှေစင်မြင့်မိုရ်ရွှေဆိုင်ကနေ ငွေကျပ်သိန်းခြောက်ဆယ်ဖိုးကျော် ရွှေလက်ကောင်တွေ ကို ဓားကိုင်ဆောင်ထားတဲ့လူနှစ်ယောက်ကနေ မေလ၂၈ရက်နေ့ မနက်ဆယ့်တစ်နာရီဝန်းကျင်အချိန်မှာ အနုကြမ်းစီးလုယက်သွားခဲ့ပါတယ်

အခုလအတွင်းမှာ မန္တလေးမြို့မှာ လုယက်မှုအများအပြားဖြစ်ပွားခဲ့ပြီး လုယက်သူအများစုမှာ ဓားကိုင်ဆောင်လေ့ရှိပြီး လူကိုလည်းအန္တရယ်ပြုနေကြတာဖြစ်ပါတယ်။

"နေ့လည်ခင်းမီးပြတ်တဲ့အချိန်မှာ ဖြစ်သွားတော့ cctv မှာ မမိလိုက်ပါဘူး ရဲစခန်းမှာတော့ တိုင်ချက်ဖွင့်ထားပါတယ်။ဓားနဲ့ဆိုတော့ လူကိုအန္တရာယ်ပြုမှာစိုးတော့ ဝင်လည်းမတားရဲဘူး တခြားရွှေဝယ်တဲ့သူတွေကလည်း ရှေ့ထွက်အော်တော့မှ ထွက်ပြေးသွားတာ"လို ရွှေစင်မြင့်မိုရ်ရွှေဆိုင်က ဆိုင်ပိုင်ရှင် မမာလာကပြောပါတယ်။

အဲ့ဒီလုယက်မှုမှာ နှစ်ကျက်သားရွှေလက်ကောက်နှစ်ကွင်း ငါးမူးသားတစ်ကွင်းနဲ့ ငွေကျပ်ငါးသိန်းတန်ဖိုးရှိ လက်ကောက်ခြောက်ကွင်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်းခြောက်ဆယ်ကျော် ဆုံးရှုံးခဲ့တာဖြစ်ပါတယ် ။

Source - မန္တလေးသတင်းအကုန်သိရန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။