အနုပညာလောကထဲက ပရိသတ်တွေအားကျလောက်အောင် တစ်ဦးအပေါ်တစ်ဦးချစ်ကြတဲ့ အနုပညာရှင်မောင်နှမတွေထဲမှာတော့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ဦးလည်း အပါအဝင်ပါပဲ။

အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုပါ နှစ်ယောက်အတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ သူတို့ညီအစ်မနှစ်ဥိးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် အပြုံးတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကိုအေးချမ်းအောင်ပြုလုပ်ပေးသူလေးတွေပဲဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း သူမတို့ညီအမနှစ်ယောက်ဟာ ဝါရင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းဦးနဲ့ ဇနီးဖြစ်သူ ခိုင်ဝေသူတို့ရဲ့ အိမ်ကိုသွားရောက်ခဲ့တာတွေရပါတယ်။

ကိုမင်းဦးတို့ အိမ်အရောက်မှာတော့ အခြားသော ညီအစ်ကိုမောင်နှမတွေနဲ့အတူ စကားစမြည်ပြောရင်း ပျော်ရွှင်နေကြတဲ့ သူတို့လေးတွေရဲ့ ပုံရိပ်လေးတွေကတော့ ကြည်နူးစရာကောင်းလှပါတယ်။

ကိုမင်းဦးတို့အိမ်မှာလည်း ဘုရားပင့်ဆောင်ပူဇော်နေတာဆိုတော့ ကုသိုလ်လည်းယူရင်း ကြည်နူးစရာအခိုက်အတန့်လေးတွေကိုလည်း ပိုင်ဆိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

အခုလို ညီအစ်ကိုမောင်နှမတွေ စုံစုံညီညီနဲ့ ရယ်စရာလေးတွေပြောရင်း ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေဆိုတာကတော့ လူတိုင်းလိုချင်ကြတဲ့ အရာလေးတစ်ခုပါပဲ။

အားလုံးပြုံးရယ်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ကြည့်ကြပါဦးပရိသတ်ကြီးရေ အားကျစရာမကောင်းဘူးလား။

source - Lin Zarni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။