ဖြစ်စဉ်မှာ 27-5-2018နံနက်10:30ခန့်က (20)4N-6078 ယာဉ်မောင်းဦးသန်းဝင်းသည်လှိုင်သာယာမှ ဗိုလ်တထောင်သို့မောင်းနှင်လာစဉ် နတ်စင်လမ်းနှင့်ကမ်းနားလမ်း မှတ်တိုင်ကြားတွင်ခရီးသည်တစ်ဦးမှ နတ်စင်လမ်းတွင်မရပ်ဟုဆိုကာ ယာဉ်မောင်းအားထိုးကြိတ်ခဲ့ပါသည်။

ယာဉ်မောင်းမှကြည့်မြင်တိုင်ရဲစခန်းသို့မောင်းနှင်၍သွားရောက်တိုုင်ကြားခဲ့ရာ ထိုးကြိတ်သူမှာဆိပ်ကြီးခနောင်တိုနေေ အာင်မျိုးထွန်း ဆိုသူဖြစ်ကြောင်း ရဲစခန်းတွင်၎င်းမှယာဉ်မောင်းအားေ တာင်းပန်ခဲ့၍ရဲစခန်းတွင်ခံဝန်ကတိ လက်မှတ်ရေးထိုးကာကျေအေးခဲ့ပါကြောင်း YBS 20 ရဲ့ ဖော်ပြချက်အရသိရှိရပါတယ် ။

YBS 20 ဖော်ပြချက် အရ လှိုင်သာယာမှ ဗိုလ်တစ်ထောင်အသွားတွင် နတ်စင်လမ်းမှတ်တိုင် ဟု YBS မှတ်တိုင်မရှိပါ...ဗိုလ်တစ်ထောင်မှ လှိုင်သာယာ သို့ အဆင်းတွင်သာ ရှိကြောင်းဖော်ပြပါရှိပါတယ်။

Source - YBS 20

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။