တရုတ်လက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက မိမိကစားသမားများ၏ စွမ်းဆောင်မှုကို အပြည့်အ၀ ကျေနပ်အားရကြောင်းပြောကြားခဲ့ပါတယ်။တရုတ်အသင်းကဲ့သို့ အာရှထိပ်တန်းအသင်း တစ်သင်းကို ခြေတူအောင် ကစားနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ 

မြန်မာနည်းပြချုပ်က " ဒီနေ့ ခြေစမ်းပွဲက ရလဒ်အတွက်တော့ ဘာမှပြောစရာ မရှိပါဘူး။ ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ ရလဒ်ကို အပြည့်အ၀ အားရကျေနပ်ပါတယ်။။ ဒီခြေစမ်းပွဲကနေ ကျွန်တော်တို့ အများကြီး အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ တရုတ်လက်ရွေးစင် အသင်းဟာ ကစားသမားကောင်းတွ နဲ့ဖွဲ့စည်းထားတဲ့အသင်းကို ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်"လို့ ပြောသွားခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဇော်မင်းထွန်းကလည်း ပြိုင်ဘက် ကစားသမားများမှာ လျင်မြန်၍ နည်းစနစ် ကျွမ်းကျင်တာကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး အတွေ့အကြုံကောင်းများ ရရှိခဲ့ပြီး မြန်မာအသင်းအတွက် တန်ဖိုးရှိသော ခြေစမ်းပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။၊ ကျောနံပါတ် (၇) (၁၀) (၁၇) ကစားမားများမှာ တရုတ် အသင်းအတွက် အကောင်းဆုံး ကစားသွားကြကြောင်း ပြောကြားခဲ့ပါတယ်။

SOURCE : MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။